Part-40

248 13 0
                                    

  မိဖုရားခေါင်ကိုလာဖမ်းဆီးပါတယ်ဟူသောစကားိဲ့အတူအဆောင်တွင်းသို့ရောက်လာသောရဲမက်များကြောင့်ရန်ဟွားလန့်သွားရသည်။

"မိဖုရားခေါင်ဟွေ့ရန်ဟွားသည် ဘုရင့်သွေးသားကိုသတ်ရန်ကြိုးပမ်းမှု ပြည်သူပိုင်ဘဏ္ဌာငွေကိုအလွဲသုံးစားလုပ်မှု မင်းကြီးကိုဖောက်ပြန်၍တစ်ခြားသောယောကျာ်းများနဲ့ကာမစပ်ယှက်ကျူးလွန်မှုတို့ကိုကျူးလွန်ခဲ့သည်။ဒီပြစ်မှုတွေသည်ငါကိုယ်တော်မြတ်ရဲ့အရှိန်ဝါကိုညစ်ညမ်းစေခဲ့ပြီးကောင်းကင်မင်းကြီးခွှင့်မလွှတ်နိုင်သောအမှာ‌းတွေကိုကျူးလွန်ခဲ့သည့်အပြစ်သားဟွေ့ရန်ဟွားနဲ့အတူ ပါဝင်ခဲ့သောအထိန်း‌တော်ကျင်းတို့သည် ရာထူးအာဏာတွေစွန့်လွတ်၍ပြည်သူအများ၏ရှေ့တွင် အရိုးကြေအဆိပ်သောက်ကာကိုယ့်အပြစ်ကိုယ်ဆေးကြောရမည်။မိဖုရားခေါင်လက်အောက်တွင်အမှုထမ်းနေကြသောကျန်နန်းတွင်းသူ/သားများမှာတောင်ပေါ်ကဘုံကျောင်းတွင်ရာသက်ပန်တရားရှူမှတ်အားထုတ်ရမည်။

                                       မင်ကြီးအမိန့်တော်!!"

  အမိန့်ကိုကြားကြားချင်းပင်ရန်ဟွားအရုပ်ကြိုးပျက်ထိုင်ချမိသည်။ရှောင်ကျန့်ကအဲ့တာကြောင့်နင်ဝအောင်‌ပျော်ထားလို့ပြောတာမှနိးအခုမှသဘောပေါက်သည်။ပြစ်ဒဏ်တစ်ခုတည်းသာဆိုနယ်နှင်ဒဏ်သာပေးမည်ဖြစ်သော်လည်းယခုမှာတော့အပြစ်ကြီးတစ်ုတောင်မဟုတ်ဘဲသုံးခုဖြစ်နေသည့်အတွက်ဒီလိုသက်သေခိုင်းခြင်းဖြစ်သည်။ရွှေသေတ္တာသုံးလုံးကတစ်လုံးနဲ့ဝစ်ဝက်မှာဆေးဆရာအားပေးလိုက်ခြင်းဖြစ်ပြီးနောက်တစ်ဝက်ကတော့ သူသုံးဖြုန်းခဲ့တာသာဖြစ်သည်။

"မဟုတ်ဘူး!!!!မဟုတ်ဘူး!!!!မဟုတ်ဘူး!!!!!!ငါမဟုတ်ဘူးလို့!!"

   ရန်ဟွားသည်လည်းလူသညးတစ်ယောက်မဟုတ်လော။ချစ်ရသူဆီကနွေးထွေးယုယမှုတွေမရတ‌ာကြောင့် တစ်ခြားယောက်ျားတွေကိုပိုက်ဆံပေးပြီးယုယခိုင်းခဲ့သည်။ဒါပေမယ့်အဲ့ယောကျာ်းတွေနဲ့ကာမစပ်ယှက်နေတုန်းပင်သူသည်ချစ်ရသူနာမည်ကိုသာတခဲ့သည်။ပုထုစဉ်လူသားတစ်ယောက်မလို့ ချစ်ရသူဆီကနွေးထွေးမှုကိုလိုချင်တာအပြစ်တဲ့လား။ချစ်ရသူရင်ခွင်မှာဆိုးနွှဲ့ချင်တာအပြစ်တဲ့လား။ရန်ဟွားမသိခဲ့တာကသူချစ်ရတဲ့သူဆီမှာပိုင်ရှင်ရှိပြီးသားကိုမေ့လျော့နေခဲ့တာပင်ဖြစ်သည်။

ချစ်သောအတွက်ဆိုရင်Where stories live. Discover now