Part-14

232 13 0
                                    

သခင်‌မလေးဟာ ရဲတင်းလွန်းသူဖြစ်တာကြောင့်ရိပေါ်လက်ကိုဆွဲပြီး

"အကို့နာမည်သိခွင့်ရှိမလားရှင့်"

"ရိပေါ်ပါဗျ"

"ဟုတ်"

"ဒီမှာ သခင်မလေးပစ္စည်းတွေပါ"

"ဟုတ်"

"အကိုဒီနေရာမှာပဲရောင်းမှာလားရှင့်"

"အမ်"

ရိပေါ်တစ်ချက်လောက်အဘိုးကိုကြည့်လိုက်တော့ခေါင်းညိမ့်ပြတာကြောင့်

"ဟုတ် သွားပြီးနော်"

"ဟုတ်ကဲ့ဗျ "

ရိပေါ်ထိုမိန်းကလေးကိုအမြင်ကပ်မိသည်။မိန်းကလေးဖြစ်ပြီးလူကြားထဲကိုယ်မသိမမြင်ဘူး
မရင်းနှီးတဲ့ယောကျာ်းယောကျာ်းလေးတစ်ယောက်ရဲ့လက်ကိုဆွဲတာရဲတင်းလွန်းပြီးအပျက်ဆန်လှသည်။

"မြေးရေ နေလည်းဝင်တော့မယ် ပစ္စည်းတွေသိမ်းရအောင်ကွယ် ပြန်ကြမယ်"

"ဟုတ်အဘိုး"

ရိပေါ်လည်းအသပြာတွေသေချာသိမ်းလိုက်ပြီးလှည်းလေးတွန်းမယ်ကြံတုန်း

"ထားခဲ့မြေး အသပြာတွေပဲယူလာခဲ့တော့ ပစ္စည်း‌ေတွလည်းကုနိပြီဆိုတော့ထားခဲ့မြေပင်ပန်တယ်"

"အော် ဟုတ်ကဲ့"

ရိပေါ်အသပြာကိုသာယူလာပြီးအဘိုးကိုကမ်းပေးလိုက်သည်။အဘိုးကယူလိုက်ပြီး မြေးအဘိုးနှစ်ယောက်သာ‌းတောထဲကိုဦးတည်သည်။အဘိုးရဲ့ဦီးဆောင်မှုနောက်သာလိုက်သွားသည့်ရိပေါ် အတန်ကြာလျှောက်ပြီးတော့ အုတ်တွေကာရံထားတဲ့အိမ်သို့ရောက်လာသည်။ အိမ်ထက်အိမ်တော်ဆိုပိုမှန်မည်။

"လာ ဝင်ရအောင် မြေး"

"ဟုတ်"

အိမ်တော်ထဲဝင်သွားပြီးနောက်ရိပေါ်အံ့အားသင့်ဟွားသည်။အိမ်တော်တစ်ခုထက်ဂိုဏ်းတစ်ဂိုဏ်းဆိုပိုမှန်လိမ့်မည်ဟုရိပေါ်ထင်သည်။တစ်ချို့ကသိုင်းကျင့်နေကြပြီးတစ်ချို့ကသူ့ကိုမသိမသာရောသိသိသာသာပါအကဲခတ်ကြသည်မို့ရိပေါ်မှာသွားဖြဲပြရသေးသည်။

အဘိုးရဲ့ဦီးဆောင်မှုနောက်လိုက်သွားတော့အဘိုးကဧည့်ခန်းလို့ထင်ရတဲ့အခန်းကျယ်ကခုံတစ်ခုပေါ်ထိုင်လိုက်ပြီး

"ထိုင်ကွယ် "

"ဟုတ် အဘိုး"

"မြေးရဲ့အစွမ်းကထက်သပါ့ အဘိုးတစ်ခါမဒီလောက်ကုန်အောင်းမရောင်းရဘူးကွ"

"မခံယူဝံ့ပါဘူးအဘိုးရယ် ဒါနဲ့အဘိုးတစ်ခုလောက်မေးလို့ရမလား"

အထုပ်လေးရင်ဘက်ထဲပိုက်ပြီးမေးဖို့လုပ်နေတဲ့ရိပေါ်ဟာအတော့်ကိုဖြူစင်လွန်းလှသည်။ထိုသို့ဖြူစင်တဲ့ကောင်လေးဟာမကြာမီကြောင်သူငယ်ကနေ ကျားတစ်ကောင်သဖွယ်။ချစ်စရာကောင်းတဲ့နဂါးပေါက်လေးကနေ ကြောက်စရာကောင်းတဲ့နဂါးသဖွယ်ဖြစ်တော့မည်ဆိုတာကိုကံကြမ္မာကလွဲ၍မည်သူမှသိမည် ထင်မည်မဟုတ်ပေ။

"မေးကွာ မေးမေး"

"ဟိုအဘိုးကပိုက်ဆံရှိရဲ့သားနဲ့ဘာလို့ဒီဟာတွေလိုက်ရောင်းတာလဲဟင်"

"ဟား ငါ့မြေးကတော့မေးတတ်ပါပေ့ ဖြေရတာပေါ့ကွာ ဒီမှာက အဘိုးလိုအဲ့ဟာတွေရောင်းတဲ့သူအများကြီးရှိတယ် အိမ်တော်မှာရှိတဲ့သူတွေအကုန်လုံးပေါ့ကွယ် အတိုချုပ်ပြီးရှင်းရှင်းပြောရရင်ဝိုင်းလုပ်ဝိုင်းစားဝိုင်းဖွဲ့နေတာပေါ့ကွာ ဒါပေမယ့်အဘိုးတို့အားလုံးကအစေခံတွေလေ ဆက်ပြောပြမယ် ခုတော့အဘိုးသိချင်အားကြီးလို့မေးအုံးမယ် မြေးနာမည်ဘယ်‌လိုခေါ်တုန်း "

"အော် တောင်းပန်ပါတယ်ဗျာ သေချာနှုတ်ဆက်ဖို့မေ့တာဗျ ကျွန်တော် ကဝမ်မျိုးရိုးပါ ခုနကသခင်မလေးပြေလိုက်တဲ့နာမည်နဲ့ဆို ဝမ်ရိပေါ်လိုါခေါ်ပါတယ်ဗျ"

အဘိုးကတုန်လှုပ်သွားပြီးချက်ချင်းမျက်ရည်ဝဲတက်လာသည်။အဆွေးဘက်ကိုဆောင်သောအဘိုးရဲ့မျက်လုံးများထဲတွင်မျည်ရည်များပြည့်လျှံနေသည်။

"မင်း မင်းအဖေနာ နာမည်ကရော မြေး"

အဘိုးအသံကသိသိသာသာက်ုတုန်နေသည်။

"အော် အဖေ့နာမည်ကကျန်းလွမ် ဝမ်ကျန်းလွမ်ပါဗျာ့"

"ဒါ ဒါ‌ဆို မြေး မြေးက စစ်သူကြီးရဲ့သားပေါ့နော်"

"ဗျာ"

"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်အျိုးရဲ့ရိုင်းပြမှုကိုသဘေားထားကြီးတဲ့သသခင်လေးကပဲခွင့်လွှတ်ပေးပါ"

အဘိုးကချက်ချင်းအောက်ဆင်းကာအရိုသေပြုပြီးအခေါ်ဝေါ်တွေပြောင်းကာသူ့ကိုဦးညွှတ်တော့သည်။

___________________________________________

စာကရေးပြီးမှပြန်unမိလို့ပြန်ရေးတော့တး်ချို့စာကြောင်းတွေမမှတ်မိတော့ ဆောရီးနော်updateကြာတာ တရုတ်စာသင်နေလို့ ဟဲ အချစ်တို့နဲ့တွေ့ဖို့တစ်လှမ်းလောက်တော့နီူစပ်လာပြီထင်ပါရဲ့။ နောက်ရက်တွေသေချာအပ်ပေးပါမယ်‌နော်။
စာဖတ်သူreadersများကိုအစဉ်ဂါရဝပြုလျက်..........

#Jing Hong Hua 🌺🌺

ချစ်သောအတွက်ဆိုရင်Where stories live. Discover now