Part-26

223 6 0
                                    

ဘုရင်ရှင်းခေါ်ဝမ်ရိပေါ်သည်စိတ်မကြည်မလင်နှင့်နိုးလာရသည်။ညကတစ်ညလုံးနီးပါးဖြေလျော့ထားရတာကြောင့်သူအရမ်ပင်ပန်းနေသည်။သူတစ်ပါးနိုင်ငံဖြစ်တာကြောင့် မနက်ကိုစောစွာနိုးရမညိ။ထို့ကြောင့်ရိပေါ်ဟာမျက်တွင်းအနည်းငယ်ယောင်ယောင်လေးညိုချင်နေသည်။ညကသူ့ချစ်သောကချစ်လို့အပြစ်ပေစတယ်ဆိုတဲ့စကားသံကြားမိတော့လူကဘာရယ်မဟုတ်ပြုံးမိသွားသည်။ထိုအခါသူ့ကိုယ်ရံတော်ယွီပင်းက

"အရှင် ဘာကြောင့်များပြုံးနေပါလဲ"

"ယွီပင်း ညကကိုယ်တောိ့ဆီကိုတစ်ယောက်ယောက်လာသေးလား"

"ဟို ဟို"

"ကိုယ်တော်သိတယ်နော် တစ်ဟိုဟိုလုပ်မနေနဲ့သိနေလည်းမမေးပါနဲ့လားကွာ "

"တောင်းပန်ပါတယ်အရှင်"

"အင်းကိုယ်တော်ရေသန့်စင်တော့မယ် "

"ကောင်းပါပြီအရှင်"
*
*
*
*
 
  ရှောင်ကျန့်မှာမနက်မိုးလင်းထဲကကြိတ်ပြုံးနေရသည်။ပေါ်တင်ပြုံးရင်ဟိုကလေးမအားလီကဘာလို့ပြုံးတာလဲဆိုပြီးမေးအုံးမယ် ။သူညကသေချာပေါက်မြူဆွယ်ခဲ့လို့သူ့ချစ်သူပန်ဒါမျက်လုံးဖြစ်နေမှာသိလို့ကြိတ်ရီသည်။တစ်မနက်ခင်းလုံးစိတ်ကအတိုင်းမရအောင်ပျော်ရွှင်နေမိသည်။

"အားလီ အားလီ"

"ပြောပါသခင်လေး"

"ပန်းလက်ဖက်ရည်ပြင်ထားလိုက် ကျွန်တော်မင်းကြီးကိုသွားဆက်သမို့"

"အယ် ထူးထူးဆန်းဆန်းပါလားသခင်လေး"

"အင်း ဒီနေ့အရမ်းစိတ်ကြည်နေလို့''

"ဟုတ် ဟုတ် အားလီပြင်ထားပါ့မယ်"
*
*
*
*
*
   ရိပေါ်နဲ့ထျန်းရှီတို့နိုင်ငံရေးကိစ္စဆွေးနွေးနေကြသည်။ကုန်သွယ်ရေးပညာရေးအဘက်ဘက်ကအစပေါ့။

"ရန်ဘုရင်"

"ပြောပါ "

"ကိုယ်တော်တစ်ခုလောက်တောင်းဆိုလို့ရမလား"

"အားနာစရာမှမဟုတ်တာဗျာ ပြောပါ"

"ရန်ဘုရင်လည်းသိတဲ့အတိုင်း ကိုယ်တော်တို့နိုက်ငံမှာပညာရှိကရွှေထက်ပိုရှားပါးတယ် ပညာသင်တဲ့ဂိုဏ်းတွေရှိပေမယ့်လည်းပိုက်ဆံရှိတဲ့သူတွေသာတက်လို့ရတယ် အများစုကပညာမတတ်ဘူးဒါကြောင့်ရန်ဘုရင့်အနေနဲ့ကိုယ်တော်ဒီနိုင်ငံမှာလူတန်းစားမရွေးသင်လို့ရတဲ့ကျောင်းတွေဆောက်လုပ်ထားတယ် ဒါပေမယ့်ရန်ဘုရင်ရဲ့နိုင်ငံလိုပညာတတ်မပေါများတဲ့အတွက်ဆရာတွေလုံလုံလောက်လောက်မထားနိုင်ဘူး ဒါကြောင့်ရန်ဘုရင်အနေနဲ့"

ချစ်သောအတွက်ဆိုရင်Where stories live. Discover now