Part-13

230 8 0
                                    

ဖုကော်တိုင်းပြည်တွင်နေ့ချင်းညချင်းနာမည်ကြီးသွားသည့်သတင်းတစ်ပုဒ်ရှိသည်။

ထိုသတင်းကတော့ ကချေသည်ရှောင်ဟာကြင်ယာတော်မြှောက်ပြီးနောက်ရက်တွင်အပယ်ခံနန်းဆောင်သို့ရောက်သွားသည်ဟူသောသတင်းဖြစ်သည်။

ရန်တိုင်းပြည်တွင်

"ဆံထိုးလေးတွေရမယ်နော် ဆံထိုးလေးတွေ"

အဘိုးအိုတစ်ယောက်ဟာဆံထိုးလေးတွေကိုဗန်းရှေ့၌ချကာအော်ရောင်းနေသည်။ရိပေါ်အဘိုးဆီကဆံထိုးလေးတွေထဲကတစ်ချောဂ်းတည်းသောကွဲထွက်နေတဲ့ဆံထိုးလေးကိုမြင်ပြီး

"အဘိုး ဒီဆံထိုးလေးကဘယ်လောက်လဲဗျာ့"

ရိပေါ်ရွှေးလိုက်တဲ့ဆံထိုးလေးကကျောက်စိမ်းပေါ်ရွှေကွပ်ထားပြီးကနုတ်ပန်းကိုအသေးစိတ်ဖော်ထားတဲ့ဆံထိုးလေးဖြစ်သည်။သေချာပါသည်။ဒီဆံထိုးလေးကသိပ်အဖိုးမကြီးပေမယ့်သူ့ချစ်သောနဲ့သာဆိုတင့်တယ်လိုက်ဖက်နေမှာအမှန်ပင်။

"ဒီကလူလေးကသိပ်အမြင်ရှိတာပဲ ဒီဆံထိုးလေးကလေအရမ်းကိုထူးခြားတဲ့ပုံစံတူဆံထိုးလေးလေ "

"ဘာလို့လဲ အဘိုးရ"

"ဒီဆံထိုးနဲ့ပုံစံတူဆံထိုးလေးကိုလွန်ခဲ့တဲ့၁၉နှစ်ကျော်လောက်တုန်းကဒီနိုင်ငံရဲ့အရမ်းကိုအားထားရတဲ့စစ်သူကြီးချုပ်တစ်ဦးကသူ့ကြင်သူကို သူ့ရဲ့ရင်သွေးလေးကိုကောင်းကောင်းဖွားမြင်ပေးလို့ စစ်မြေပြင်မှာတင်ဒီဆံထိုးလေးကိုသူကိုယ်တိုင်ပေးဖို့လုပ်ထားတာ အဲ့ဆံထိုးလေးတော့သစ်သားပေါ့ကွယ် စစ်မြေပြင်မှာတော့ဒီလိုကျောက်စ်ုးတို့ဘာတို့ဘယ်ရှိပါ့မလဲ အားရဝမ်းသာနဲ့စစ်ပွဲကပြန်လာတော့သူ့ကြင်သူကဟိုးနားမှာရှိတဲ့လှည်းတန်းလေးနားကနေသူတို့ရဲ့ရင်သွေးလေးကိုပိုက်ပြီးအဲ့စစ်သူကြီးကိုကြိုရှာတာ စစ်သူကြီးကလည်းဝမ်းသာအားရနဲ့မြင်းပေါ်ကဆင်းပြီးသူ့ကြင်သူကိုပွေ့ဖက်နှုတ်ဆက်ပြီး အဲ့ဆံထိုးလေးကိုပန်ပေးရှာတယ် ပြီးတော့အဲ့ဆံထိုးလေးရဲ့အဓိပ္ပယ်ကဘာလဲမောင်ရင်သိလား"

"........."

ရိပေါ်ခေါင်းခါပြလိုက်သည်။

"ဆံထိုးလေးရဲ့အဓိပ္ပာယ်က ကိုယ့်အချစ်တွေနဲ့နှောင်ဖွဲ့ပြီးနွေးထွေးလုံခြံမှုကိုပေးပါ့မယ် တဲ့"

ချစ်သောအတွက်ဆိုရင်Where stories live. Discover now