Part-41

217 12 1
                                    

"တိုက်!!''

   စကားသံဆုံးတဲ့နဲ့မျက်နှာချင်းဆိုင်ရပ်နေတဲ့နှစ်ဖက်စစ်တပ်ရှိလူသားတွေဟာ အသေအကြေပြေးလာပြီးတိုက်ခိုက်တော့သည်။ ရိပေါ်တို့ဘက်မှာလူအင်အားဟာနည်းနည်းသာရှိသည်။တစ်ဖက်စစ်တပ်ကရှိတဲ့လူတွေဟာအများဆုံး နှစ်သိန်းက်ျောလောက်ရှ်ိမည်။ရိပေါ်တို့ကသောင်းကျော်လောက်သာရှိလိမ့်မည်။နှစ်ဖက်လုံးကလူတွေကိုအကုန်မထုတ်ပဲနည်းနည်းသာထုတ်ထားသည်။ဖုကော်ရဲ့အခြေနေအရဆိုလျှင် နောက်ထပ်တစ်သိန်းခွဲလောက်သာကျန့်တော့မှာအသေချာပင်။ဖုကော်ဆုတ်ယုတ်လာတာအများအမြင်ပဲလေ။မိဖုရားတက်အုပ်ချုပ်တဲ့တိုင်းပြည်ကိုမည်သူမျှသိပ်အလိုမရှိပေ။ကဲ့ရဲ့ရှုံ့ချကြသည်။ဒီလိုဆိုတိုင်းလည်းမိန်းမအုပ်ချုပ်တဲ့တိုင်းပြည်တိုင်းတော့မဟုတ်ပေ။မြန်သရန့်မှာဆိုပန်ထွာဆိုတဲ့ဘုရင်မအုပ်ချုပ်တာတိုင်းပြည်သာယာတယ်လို့တစ်စွန်းတစ်စကြားမိသည်။ရိပေါ်တို့ရန်နိုင်ငံကကျော်ရင်မြန်သရန့်ကိုရောက်ပြီလေ။ဆားကုန်သည်တွေကြောင့်သာဒီလိုဘုရင်မအကြောင်းသိရခြင်းပင်သာ။

(စစ်ပွဲကတိုက်တာတွေရေးရင်မပီပြင်မှာ‌‌ေကြာက်ကျော်လို့်က်ပါတယ်အချစ်တို့ရေ ဘာပဲပြောပြောစစ်ပွဲကရုပ်ပြပုံ ဒါမှမဟုတ်televisionတို့ ဘာတို့မှာပဲပိုကောင်းတယိလို့ထင်မိတယ် အဲ့တာကြောင့်စစ်ပွဲကာလမှာတိုက်တာကိုကျော်လိုက်ပါတယ် )

   စစ်ပွဲပြီးတော့ဖုကော်ဘက်အထိနာရသည်။နေဝင်တာနဲ့တပ်တွေပြန်ဆုပ်တာကြောင့်ရိပေါ်တို့ဗျူဟာတိုင်ပင်နေကြသည်။စစ်သူကြီးတို့ ဟူကျားတို့ ထိုင်ကာသေချာတိုင်ပင်ကြသည်။အသက်ကြီးပြီဖြစတဲ့အဘိုးတော့မပါမဖြစ်ပေါ့။

"အရှင် သူတို့ကိုအင်အားနည်းအောင်လုပ်တာဒီလိုနဲ့ထိရောက်တယ်ဆိုပေမယ့်မိဖုရားမထွက်လာတဲ့အထိအသေကြေများနေမှာပဲ အရှင် ကျွန်တော်မျိုးတို့ရှန်ကျင်းကိုသွားတဲ့လမ်းကနေဖုကော်ကိုချီတက်ပြီးမိဖုရားကိုသတ်နိုင်မယ်ဆိုပြည်သူတွေဒုက္ခခံစားရတာလျော့ပေါ့သွားမယ်မို့လား"

  စစ်သူကြီးစကားကိုကြားတော့ရိပေါ်ကခေါင်းတစ်ညိမ့်ညိမ့်လုပ်နေသည်။ဟူကျားကလည်း

ချစ်သောအတွက်ဆိုရင်Waar verhalen tot leven komen. Ontdek het nu