Part-16

237 12 1
                                    

"ရှောင်ကျန့်သေမှပဲမေ့နိုင်မယ်ထင်ပါတယ်အရှင်"

ရှောင်ကျန့်ဟာတည်တည်ငြိမ်ငြိမ်သာတုံ့ပြန်သော်ငြားမင်းကြီးမှာတော့ကမ္ဘာပျက်နေရှာသည်။တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့ဘုရင်တစ်ပါးဟာအခုတွင်တော့မျက်နှာတွင်မျက်ရည်ပေါင်းများစွာဟာအထိန်းကွပ်မဲ့စွာကျလျက်ရှိသည်။ယောကျာ်းတိုင်း ဘုရင်ဝိုင်းမငိုရဘူးလို့ဘယ်ဥပဒေကများထုတ်ထားလို့လဲ သူသည်လည်းဘုရင်ဆိုအုံးတော့ပုထုစဉ်လူသားဖြစ်သည့်အတွက်ငိုတတ်သည်။ရယ်တတ်သည်။

"ဘာ ဘာလို့လဲ ဘာလို့သူမှလဲ ဟမ် ငါ့ကိုပြောစမ်းပါအုံးရှောင်ကျန့် ငါကဘယ်နေရာမှာသူ့ကိုရှုံးခဲ့တာလဲ ငါမင်းကိုစိတ်ချမ်းသာအောင်မထားနိုင်လို့လား ငါကဘုရင်တစ်ယောက်မို့လား ဘာလို့ငါ့ဘက်ကိုနည်းနည်းလေးမှလှည့်မကြည့်ရတာလဲ ငါမင်းကိုတော်ကောက်တုန်းကချစ်လို့မဟုတ်ဘူး
မှန်တယ် ကြာလာတော့ငါမင်းကိုချစ်မိလာတယ် ကြင်နာလာတယ် ယုယလာတယ် မင်းကိုအတင်းကျပ်မလုပ်ချင်လို့ယနေ့ချိန်ထိမင်းက်ုငါအပိုင်မသိမ်းခဲ့တာ ဘုရင်တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကိုခဝါချပြီးမင်းကြည်ကြည်ဖြူဖြူနဲ့ပေးလာမယ့်ရက်ကိုငါစောင့်နေရတာရှောင်ကျန့်ရ မင်းကြောင့်နဲ့တင် ငါထပ်ပြီးတော်မကောက်တော့ဘူး မင်းကိုအနိုင်ကျင့်ရင်မင်းစိတိဆင်းရဲမှာဆိုးလို့ တိုင်းတွေမြို့နယ်တွေကဆက်သလာတဲ့အပျိုတော်တွေကိုလည်းပြန်လွှတ်ရပေါင်းမနည်းတော့ဘူး အဲ့ကိစ္စကြောက့်ငါ့မှာ ညီလာခံကအဖိုးကြီးတွေနဲ့လည်းပြဿနာတက်ရသေးတယ် ငါဘက်ကိုလည်းလှည့်ကြည့်ပါအုံး မင်းကိုတန်ဖိုးထားလွန်းလို့မထိရက်မကိုင်ရဲ့နဲ့အလှကြည့်နေတဲ့ငါ့ဘက်ကိုလည်းတစ်ချက်လောက်ဖြစ်ဖြစ်လှည့်ကြည့်ပါအုံး သူကငါ့ထက်ဘာများသာနေလို့လဲ ဟမ် ဘာများသာနေလို့လဲ အဲ့လိုအဆင့်တန်းမရှိတဲ့ကောင်ကဘာများကောင်းနေလို့လဲ"

(A/N:ficအရပါနော် နားလည်ပေးစေချင်ပါတယ် အိုင်ဒေါကိုထိခိုက်လိုခြင်းအလျင်းမရှိပါ)

"အရှင့်!!!!"

"ဘာလဲ မင်းကောင်ကိုထိတော့နာတယ်ပေါ့ အဟားသိပ်ရယ်ရတာပဲရှောင်ကျန့်ရာ မင်းမှတ်ထားဖို့ကမင်းကငါ့အပိုင်ပဲ မင်းအကောင် ဒီနိုင်ငံမှာပေါ်လာရဲပေါ်လာကြည့် မင်းရှေ့မှာတင်ငါသတ်ပစ်မှာ မယုံမရှိနဲ့ရှောင်ကျန့် မင်းကောင်နဲ့မင်းကိုငါမရရအောင်ခွဲမှာ မင်းကိုငါပဲပိုင်တယ် မင်းကိုငါကလွဲရင်ဘယ်ကောင်မှပိုင်ဆိုင်ခွင့်မရှိဘူး အဲ့တာကိုခေါင်းထဲမှတ်ထားရှောင်ကျန့် ငါပြန်ကြွမယ် အပြင်ကကုန်းကုန်း ရှောင်ကျန့်အဆောင်တော်ကိုလုံခြံုရေးနှစ်ဆတိုးလိုက် "

"အရှင်မလွန်လာနဲ့နော် ကျတော့်မှာလည်းသည်းခံနိုင်တဲ့အတိုင်းတာဆိုတာရှိတယ် သူ့ကိုထိရင်ကျတော့ရန်သူပဲ လုပ်ကြည့်လိုက်အရှင်အဲ့လိုလုပ်ရင် ရှောင်ကျန့်ကသေလိုက်ဖိုဝန်မလေးဘူး အောက်တန်းစားလို့ပြောရအောင် အရှင်တော်ကောက်ခဲ့တဲ့ကျတော့်ကလဲတစ်ချိန်ကအောက်တန်းစားဖြစ်ခဲ့ပြီးအဲ့အောက်တန်းစားရဲ့ချစ်သူဖြစ်ခဲ့တယ်ဆိုတာအရှင်မမေ့ပါနဲ့!!!"

"တောက်စ်"

မင်းကြီးဟာတောက်တစ်ချက်‌ေခါက်ပြီးနဂါးနီဝတ်ရုံကိုခါကာ အဆောင်တွင်းမှထွက်သွားတော့သည်။

လူတိုင်းရဲ့ဘဝတွင်ရူရူးမူးမူးချစ်ခဲ့သည့်လူတစ်ယောက်စီတော့ရှိသည်မို့လား။ထို့အတူရိပေါ်သိပ်ချစ်ရသူမှာရှောင်ကျန့်ဖြစ်သလိုရှောင်ကျန့်သိပ်ချစ်ရသူမှာရိပေါ်ဖြစ်သည်။အလားတူစွာပင်မင်းကြီးသိပ်ချစ်ရသူမှာရှောင်ကျန့်ဖြစ်သလိုရှောင်ျကန့်သိပ်ချစ်ရသူမှာမဂ်းကြီးမဟုတ်ခဲ့ပါ။ဘာတွေလွဲသွားလည်းတော့မပြောတတ်ပေမယ့်မင်းကြီးဟာရှောင်ကျန့်နဲ့တွေ့မှသာအချစ်ကိုခံစားဖူးသူဖြစ်သည်။ငယ်ငယ်တည်းကနန်းတွင်းထဲမှာနေခဲ့ရတဲ့အတွက်အထီးကျန်နေရသူဖြစ်သည်။နှလုံးသားသည်ရေခဲတမျှအေးစက်နေချိန်တွင်ရှောင်ကျန့်သည်သာအနွေးဓာတ်အပးပြီးသူ့နှလုံးသားကိုအရည်ပျော်ခဲ့စေတဲ့အတွက်ကြောင့်သာနှလုံးသားဟာနွေးထွေးခဲ့ရသည်။

အဲ့ဒီအတွက်ကြောင့်သူထိုလူသားကိုအတတ်နိုင်ဆုံးဆွဲထားမည်။

ထို့မန့မှစ၍မင်းကြီးဟာရှောင်ကျန့်စီထက်‌မရောက်လာခဲ့တော့ပေ။

__________________________________________

တကယ်တော့ဒါကလေအပေါ်ပိုင်းနဲ့တစ်ပိုင်းတည်းရယ် ရေးနေတုန်းမီးပျက်သွားပြီးတော့မီးပြန်လာတော့တစ်ဝက်ပဲပြန်ရတယ်အဲ့နေ့ကတစ်‌ကယ်စိတ်ညစ်သွားတာ ငိုလိုက်သေးတယ် ကျတော့ကလက်တန်းရေးတာဆိုတော့မနည်းပြန်စဉ်းစားယူရတယ် အဆင်တော့ပြေမနေဘူးရယ်

၁၄.၃.၂၀၂၄‌မှာကျရောက်မယ့်ကောကောနဲ့ရိပေါ်ရဲ့အထိမ်းမှတ်ပွဲလေးကိုမှတ်မိကြတယ်ဟုတ်
သာယာပျော်ရွှင်ပြီးအေးအေးချမ်းချမ်းနေရပါစေလို့ဆုတောင်းပေးပါတယ်

#Jing Hong Hua🌺🌺

ချစ်သောအတွက်ဆိုရင်Dove le storie prendono vita. Scoprilo ora