Part-31

279 10 2
                                    

  ရိပေါ်အခုတလောဖုကော်ကိုတိုက်ဖို့အလုပ်များနေတာကြောင့်ရှောင်ကျန့်ကိုတောင်သိပ်ဂရုမစိုက်မိ။ရှောင်ကျန့်ကလည်းသူ့ကိုချစ်ရှာပါတယ်။စစရောက်တုန်းကလိုအနားမှာမနေတော့။နန်းတော်ထဲလျှောက်သွားရုံတင်အားမရလို့နန်းပြင်ထွက်ပြီးတစ်နိုင်ငံလုံးကိုလျှောက်သွားသည်။တစ်နေ့တစ်နေရာ။နောက်နေ့ဟိုနေရာနဲ့ရန်နိုင်ငံမှာရှောင်ကျန့်ခြေရာတွေထပ်လို့နေသည်။

   ပြောသာပြောရတာ။သူတို့ဝေးပြီး၆နှစ်တာမှာပြန်ဆုံတော့ရှောင်ကျန့်ကအရင်လိုမဟုတ်။ရိပေါ်အပေါ်ကိုကလေးသဖွယ်ဆိုးနွဲ့သည်။နဂိုကထက်ပိုပြီးကလေးဆန်လာတဲ့ရှောင်ကျန့်ကရိပေါ်ထက်အသက်ကြီးတယ်ဆိုတာလုံးဝကိုယုံနိုင်ဖွယ်မရှိပေ။အရင်ကထက်လည်းအသားရည်ကပိုနုလာသည်။နည်းနည်းလေးထိလိုက်တာနဲ့ပန်းလေးတစ်ပွင့်ကြွေကျတော့မယ့်အတိုင်းပင်။ရိပေါ်နောက်တစ်ချက်သတိထားမိသည်ကရှောင်ကျန့်ဟာသူကိုယ်တိုင်လုပ်ပေးထားတဲ့ဆံထိုးကိုအမြဲသူ့ဆံနွယ်ပျော့ပျော့ထက်မှာပန်ဆင်ထားသည်။ဒါကတော့ဖုကော်မှာနေတည်းကရိပေါ်သတိထားမိတဲ့အချက်။

   နောက်တစ်ချက်ကချစ်သောဟာ ယခုထိသူ့ကိုဘာမှမတောင်းဆို။ရွှေငွေရတနာတွေသူပေးနိုင်နေပြီ။ဆံထိုးပေါင်းစုံကိုလည်းသူ့ချစ်သောပန်ဆင်နိုင်ဖို့အဆောင်မှာသေတ္တာအထပ်ထပ်လေးတွေလုပ်ပေးထားသည်။အဲ့ထဲမှာရွှေဆံထိုး ကျောက်စိမ်းဆံထိုး စသညိဖြင့်အမျိုးစုံအောင်ကိုထညိ့ပေးထားသည်။သိုသော်လည်းချစ်သော ကသူလုပ်ပေးထားတဲ့ဆံထိုးကိုသာပန်သည်။တစ်ခြားဘာအဆောင်ယောင်မှလည်းမဝတ်။ဝတ်ရုံဖျော့ဖျော့လေးတွေကိုအမြဲဝတ်ဆင်သည်။သို့သော်လည်းအနီဆိုရင်တော့အရောင်ရင့်ရင့်သာဝတ်သည်။

  ရိပေါ်မှာသဝဏ်လွှာတွေဖတ်ရင်းချစ်သောဆီရောက်နေတဲ့စိတ်ကိုမနည်းပြန်ထိန်းရသည်။ဒီရက်ပိုင်းသူတို့တွေ့တာညဘက်အိပ်ချိန်နဲ့မနက်ခင်းလောက်သာရှိသည်။

  မကြာပါဘူး။အဘိုးရောက်လာတာနဲ့စကားလက်ဆုံကြသည်။အဘိုးကိုရိပေါ်ရဲ့အတိုင်ပင်ခံ အဖြစ်ရောဆရာအဖြစ်ပါထားထားသည်။ဒီတစ်လောရိပေါ်ရဲ့အောင်မြင်ခြင်းတစ်စိတ်တစ်ဒေသဟာလည်းအဘိုးကြောင့်လို့ဆိုရမည်မဟုတ်လား။

ချစ်သောအတွက်ဆိုရင်Where stories live. Discover now