Part-19

212 12 3
                                    

  အိမ်နီးချင်းနိုင်ဂံတွေကိုပျံ့နှံ့သွားတဲ့သတင်းကတော့ရန်နိုင်ငံကိုတော်လှန်ရေးခေါင်းဆောင်ရှင်းဆိုသောသူအုပ်ချုပ်နေတဲ့သတင်းဖြစ်သည်။နေ့ချင်းညချင်းကြီးသွားတဲ့ထိုသတင်းဟာလူတိုင်းရဲ့ကြားမှာရေပန်းစားလို့နေခဲ့သည်။ရှင်းကဘယ်လောက်တော်လည်းဆိုရင်သူအုပ်ချုပ်တာတစ်နှစ်မပြည့်သေး။တိုင်းပြည်ကအလွန်ပင်တိုးတက်နေပြီးဖြစ်သည်။အရင်ကစုတ်ပြတ်သတ်နေတဲ့တိုင်းပြည်ဖြစ်ပြီးယခုတော့သူမတူအောင်တိုးတက်နေပြီးဖြစ်သည်။တိုင်းပြည်ဖခင်ကောင်းရုံနဲ့တော့တိုင်းပြည်ကမတိုးတက်နိုင်ပါ။ပြည်သူတွေကဝိုင်းဝန်းကူညီတဲ့အတွက်ပကြာင့်သာဖုကော်ကတိုးတက်နေတာဖြစ်သည်။စစ်အင်အားကလည်းအတော်ပင်ရှိသည်။မထင်ထားလောက်အောင်တိုးတက်နေပြီးတိုင်းပြည်မှာလည်းငတ်မွတ်ဘေးတွေခေါင်းပါးပအလာပြီးဆင်းရဲတဲ့လူတွေပါလျော့ပါးလာသည်။ဘာကြောင့်လဲလို့မေးရင်အဓိကကတော့ပြည်သူတွေကသူတို့ရဲ့ပြဿနာပေါင်းစုံကိုဘုရင်နဲ့မျက်နှာချင်းဆိုင်ဆွေးနွေးလာနိုင်ခြင်းကြောင့်ဖြစ်သည်။စာလွှာတင်တာနဲ့အဆင်ပြေပေမယ့်စာမတတ်တဲ့သူတွေ‌ေကြာင့်မင်းနဲ့တိုက်ရိုက်ဆွေးနွေးသည့်စနစ်ကိုသာသုံးသည်။ဒီစနစ်ဟာအိမ်နီးချင်းနိုင်ငံကသာမကဘယ်နိုင်ငံမှာမျှမကျင့်သုံးဘူးတဲ့စနစ်ဖြစ်သည်။အဓိကကတော့ဒီစနစ်ကြောင့်ပင်တိုင်းပြည်တိုးတက်တာဖြစ်သည်။

  အခုရှင်းခေါ်ဝမ်ရိပေါ်ဟာစစ်ဖက် တိုင်းပြည်ကောင်းစားရေးဖက် အဖက်ဖက်သာအောဂ်လုပ်ဆောင်နေရတာကြောင့်အနောက်ဆောင်ကမိဖုရားကိစ္စကိုယခုထိမရှင်းရသေး။ဒီအတောတွင်းလည်းနန်းတော်မှာရှိသမျှမကောင်းတဲ့အမတ်တွေကိုဖယ်ရှားပစ်ပြီးတော့ပညာတတ်ပညာရှိတွေကိုထိုက်တန်တဲ့ရာထူးပေးခဲ့သည်။လူတန်းစားမရွေးစာတတ်ဖို့အရေးကိုလည်းအတတ်နိုင်ဆုံးကြိုးစားသည်။မကြာခင်မှာသူ့တိုင်းပြည်ဟာတိုင်းပြည်မှန်သမျှကိုကျော်နိုင်ရမည်ဟုသာတွေးသည်။ညစဉ်ညတိုင်းလည်းချစ်သောကိုမမေ့ခဲ့။တစ်ခါတစ်လေလွမ်းလို့ငိုမိသည်။မကြာတော့ပါဘူး။ဒါတွေအကုန်လုံးဟာချစ်သောကြောင့် ချစ်သောကြောင့်သာသူဒီကနေ့အထိတောင့်ခံနိုင်တာဖြစ်သည်။သူနဲ့ချစ်တင်းနှောတုန်းကချစ်သောမသိအောင်ချစ်သောရဲ့အတွင်းအဝတ်စကိုခိုးထားမိသည်။ချစ်သောကအလျင်လိုနေတာကြောင့်သတိမထားမိ။မထင်ထားမိပါ။အခုချစ်သောရဲ့အဝတ်စလေးကြောင့်သူနေနိုင်တာဖြစ်သည်။လွမ်းလို့လည်းရူးတော့မည်။

ချစ်သောအတွက်ဆိုရင်Opowieści tętniące życiem. Odkryj je teraz