Part.1

6.4K 91 0
                                    

Unicode

''နင့်ရုပ်နင်မှန်ထဲပြန်ကြည့် နင့်ရုပ်ကြီးကိုငါကကြိုက်စရာလား အသားကလည်းမဲသဲနေသေးတယ်''

''ဟား ဟား ဟား''

''ခစ် ခစ်''

သူ့ရဲ့မှိူချိုးမျှစ်ချိုးစကားသံအဆုံးမှာဟားတိုက်လှောင်ပြောင်ရယ်မောသံတွေကသူမနားထဲအလုံးအရင်းနဲ့တိုးဝင်လာလေ၏။

ရောင်စဥ်မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်တာနဲ့ဒါဟာအိပ်မက်ဆိုတာသိလိုက်ရပြီးအိပ်ရာမှထထိုင်လိုက်သည်။

''မက်ပြန်ပြီ''

ရောင်စဥ်ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်ပြီးကုတင်အောက်ကအဖြူရောင်မွှေးပွဖိနပ်လေးကိုစီးကာလက်ကောက်ဝတ်ကခေါင်းစည်းကြိုးကိုဆွဲဖြုတ်ပြီးဆံပင်တွေအားဖြစ်သလိုထုံးဖွဲ့လိုက်၏။

ထို့နောက်ရေမြန်မြန်ချိုးကာမှန်တင်ခုံရှေ့မှာဝင်ထိုင်ပြီးမျက်နှာကိုပြင်ဆင်ခြယ်သလိုက်ကာဆံပင်တွေကိုလ​ည်းသေချာသပ်သပ်ရပ်ရပ်ဖြီးသင်ပြီးခေါင်းစည်းကြိုးနဲ့စည်းလိုက်သည်။
အဲဒါပြီးတော့ညကအဆင်သင့်ထုတ်ထားတဲ့အနက်ရောင်style pantလေးနဲ့အဝါရောင်ရှပ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ကာပိုက်တံအိတ်နဲ့ဖိုင်တစ်ခုကိုယူ၍အခန်းထဲမှထွက်လာလိုက်၏။

''morning''

သူမကိုတွေ့တာနဲ့သူငယ်ချင်းမကလှမ်းနှုတ်ဆက်သည်။

''ကြားသားမိုးကြိုးစောစောစီစီးနိုးလို့ပါလား''

''ဘယ်ကသာ ငါအိမ်သာတက်ချင်လို့အစောကြီးနိုးလာတာ''

''ခွေးမ ငါမနက်စာစားမလို့ဟာကို''

''အဟဲ ဆောတီးချင်းဂူး ဟဲ့ နင်ဒီတစ်ခေါက်အင်တာ​ဗျူးကိုအောင်အောင်ဖြေခဲ့နော်''

''သိပါတယ်ဟ အေးဆေး''

''အေးပါ အဲဒါဆိုနင်သွားတော့နော် ငါပြန်သွားအိပ်ဦးမယ်''

''အိပ်ပုပ်မ''

ရောင်စဥ်လည်းကော်ဖီအမြန်ဖျော်ကာကိတ်မုန့်နှစ်ချပ်နဲ့တွဲစားပြီးအိမ်မှထွက်ခဲ့လိုက်တော့သည်။

သူမနဲ့သူမသူငယ်ချင်းဖူးသစ်ဝေကငယ်ငယ်ကတည်းကလည်ပင်းဖက်ပေါင်းလာတဲ့အတွင်းသိအဆင်းသိသူငယ်ချင်းတွေ။
အခုသူမတို့ကနှစ်ယောက်ကွန်ဒိုတိုက်ခန်းဝယ်ထားပြီးအတူနေကြတာပင်။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now