Part.18

2.5K 49 0
                                    

Unicode

🌳🍁ရူးရူးမူးမူး...အချစ်ဦး🍁🌳

Part.18

ရောင်စဥ်ဆေးရုံကဆင်းတော့သူမမိဘတွေကသူမအားကွန်ဒိုမှာမနေခိုင်းပဲသူတို့နဲ့အတူပြန်လာနေစေ၏။

''ဘေဘီ​လေးဘာစားချင်လဲ''

''ဘေဘီဗိုက်မဆာသေးဘူးမေမေ''

''အဲဒါဆိုဘေဘီလေး​ဗိုက်ဆာရင်စားဖို့မေမေတစ်ခုခုသွားလုပ်ထားမယ်နော် အဆင်သင့်ဖြစ်အောင်''

''ဟုတ်မေမေ''

သူမအမေအခန်းထဲကထွက်သွားတာနဲ့ရောင်စဥ်လည်းအိပ်ရာပေါ်လှဲအိပ်လိုက်သည်။
သူမဆေးရုံဆင်းခဲ့တာတံတိုင်းမသိတော့ခုလောက်ဆိုခေါင်းမီးတောက်နေလောက်ပြီဆိုတာရောင်စဥ်တွေးကြည့်ရုံနဲ့သိလိုက်၏။

ရောင်စဥ်ကသူ့ဖုန်းနံပါတ်ကိုလည်းblockထားတာမို့သူပြာယာခတ်နေတော့မှာ။

''နေပါစေ ပစ်ကိုထားဦးမယ်''

ရောင်စဥ့်အမေဒေါ်ခင်အေးနုတစ်ယောက်သမီးဖြစ်သူအတွက်စားစရာလုပ်ပေးနေတုန်းခြံရှေ့ကကားဟွန်းတီးသံကြောင့်ခြံရှေ့ထွက်ခဲ့တော့ဆေးရုံမှာတွေ့ခဲ့တဲ့ကောင်​လေးဖြစ်နေ၍ခြံတံခါးဖွင့်ပေးလိုက်ပြီးမှ

''မင်းကတံတိုင်းဆိုတဲ့ကောင်လေးမလား''

''ဟုတ်ပါတယ်အန်တီ ဘေဘီ အာ ရောင်စဥ်ရှိလား''

''ရှိတယ် လာလေ အိမ်ထဲဝင်''

သူကားကိုခြံရှေ့မှာပဲရပ်ထားခဲ့ပြီးအိမ်ထဲဝင်ခဲ့လိုက်၏။

''လာ ထိုင်ဦး ရောင်စဥ့်ကိုသွားခေါ်ပေးမယ်''

''ဟုတ်အန်တီ''

''ဒါနဲ့ မင်းကဘေဘီ့ကောင်လေးလား''

''ဗျာ...ဟို''

''ပြောစမ်းပါ အန်တီ့သမီးရဲ့ကောင်လေးဟုတ်တယ်မလား''

''ဟုတ် ဟုတ်ပါတယ်''

''ဘေဘီနဲ့စိတ်ကောက်နေကြတာလား''

သူဖြေရခက်စွာဖြင့်လည်ဂုတ်ကိုပွတ်တော့ရောင်စဥ့်အမေက

''ဘေဘီကသူချစ်တဲ့သူတွေနဲ့ဆိုအရမ်းစိတ်ကောက်သန်တာ မင်းစိတ်ရှည်ရှည်နဲ့ချော့မှရမယ်''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now