Part.5

2.6K 71 0
                                    

Unicode

မနက်မိုးလင်းတော့ရောင်စဥ့်စိတ်ထဲကွန်ဒိုမှာပဲလို့ထင်လိုက်ပေမယ့်မျက်လုံးဖွင့်ကြည့်လိုက်မှပဲနေတံတိုင်းတို့အိမ်မှာဆိုတာသတိရတော့သည်။

ရောင်စဥ်ဘေးကို​ကြည့်လိုက်တော့အဖွားကရှိမနေ။

သူမလည်းအိပ်ရာကထလိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်စဥ်ကုတင်ဘေးကစားပွဲပေါ်မှာသွားတိုက်တံလေးတစ်ချောင်းနဲ့တဘက်လေးတစ်ထည်အားတွေ့လိုက်ရ၏။

ဒါသူမအတွက်ဆိုတာသေချာသည်။

ရောင်စဥ်သွားတိုက်တံလေးကိုယူကာရေချိုးခန်းထဲဝင်ခဲ့ပြီးမျက်နှာသစ်သွားတိုက်ကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏။

အောက်ထပ်ရောက်တော့လှေကားနဲ့ကပ်လျက်အခန်းထဲကအသံတွေကြား၍ရောင်စဥ်အသာခိုးကြ​ည့်လိုက်တော့သူတို့တစ်မိသားစုလုံးမနက်စာစားနေကြတာကိုတွေ့လိုက်ရသည်။

ရောင်စဥ်နံရံမှာမှီရပ်ပြီး

''စိတ်ညစ်ပါတယ် အရမ်းကသီတာပဲ သွားနှုတ်ဆက်ရင်လည်းမနက်စာအတင်းခေါ်ကျွေးဦးမှာကျိန်းသေတယ်''

ရောင်စဥ်စိတ်ညစ်နေတုန်းလက်သေးသေးလေးတစ်ဖက်ကသူမလက်အားလာကိုင်၍ရောင်စဥ်ငုံ့ကြည့်လိုက်တော့သော်တာလေးကသူမအားရယ်ပြနေလေ၏။

''လာ မမလာ''

သော်တာကသူမအားထမင်းစားခန်းထဲအတင်းဆွဲခေါ်လာတာကြောင့်ရောင်စဥ်အောင့်သက်သက်နဲ့ပဲထိုကလေးနောက်ကလိုက်လာရတော့သည်။

''မြေးလေး ငါ့မြေးလေးနိုးပြီလား''

ပြောပြောဆိုဆိုနဲ့အဖွားကသူမလက်ကိုဆွဲကာခုံမှာထိုင်စေ၏။

''သမီးရောင်စဥ် မနက်စာစားသွားနော်''

''ဟို အန်တီ သမီးမစားတော့ဘူး''

''အယ် မဟုတ်တာ ဂျစ်တူး ရောင်စဥ့်အတွက်မနက်စာပြင်ပေးလိုက်ဦး''

''ဟုတ်မေမေကြီး''

ရောင်စဥ်သူမနဲ့မျက်နှာချင်းဆိုင်ကတံတိုင်းကိုတစ်ချက်ကြည့်ကာခေါင်းကိုအမြန်ငုံ့လိုက်သည်။
ဒါပေမယ့်ရောင်စဥ့်စိတ်ထဲသိနေတာက သးရောင်စဥ့်အားကြည့်နေတုန်းဆိုတာပါပဲ။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now