Part.14

2.1K 52 0
                                    


Unicode

သုသုကကောက်ခါငင်ခါကြီးနှုတ်ထွက်သွားတာကြောင့်တံတိုင်းနဲ့ဓူဝံတို့ပြာယာခတ်သွားရသည်။

''သုသုကဘာဖြစ်တာလဲ မပြောမဆိုနဲ့''

''အေး မနေ့ကထိကိုအကောင်းပါ ဟိန်းထွဋ်ကလည်းအလုပ်မလာဘူး သူတို့တစ်ခုခုများဖြစ်လို့များလား''

တံတိုင်းက

''မဖြစ်နိုင်ပါဘူး ပြီးတော့မနေ့ကအဲ့ကောင်မွေးနေ့လေ သူအရက်နာကျပြီးမလာနိုင်တာပဲနေမှာ သုသုကဖုန်းခေါ်လို့မရဘူးလား''

''မရဘူး စက်ပိတ်ထားတယ်''

''ဟိန်းထွဋ်ကရော''

''သူလည်းတူတူပဲ ငါသုသုအိမ်သွားကြည့်လိုက်မယ်''

''အေး''

ဓူဝံချက်ချင်းပဲတံတိုင်းရုံးခန်းထဲကထွက်လာခဲ့လိုက်၏။
ရောင်စဥ်ကမျက်နှာမသာမယာနဲ့

''သုသုတစ်ခုခုများဖြစ်လို့လား သူကခုလိုဘာမှမပြောမဆိုနဲ့အဆက်အသွယ်ဖြစ်သွားမယ့်သူမဟုတ်ဘူးလေ''

''ကိုယ်လည်းမသိတော့ဘူး''

သူစားပွဲပေါ်ကဖုန်းကိုယူ၍ဟိန်းထွဋ်ကိုဖုန်းဆက်ကြည့်တော့သူ့ဖုန်းကစက်ပိတ်ထားသည်တဲ့။

ဟိန်းထွဋ်ကအိမ်ပြန်ရောက်ကတည်းကသုသုနဲ့သူနဲ့ဖြစ်ခဲ့တာကိုတွေးပြီးငူငူငိုင်ငိုင်နဲ့ဖြစ်နေတာမို့ဖုန်းအားကုန်ပြီးစက်ပိတ်နေတာကိုမသိလိုက်။
သူ့အခန်းထဲအောင်းနေတုန်းသူ့အိမ်ကအိမ်အကူကောင်မလေးကတံခါးလာခေါက်ပြီး

''အစ်ကိုဟိန်းထွဋ်''

''အေး''

''အောက်ထပ်မှာအစ်ကို့ဖုန်းလာနေတယ် ကိုတံတိုင်းဆက်လာတာ''

သူဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကြည့်တော့သူ့ဖုန်းကဖွင့်မရမှစက်ပိတ်နေမှန်းသိတော့သည်။

''အေးအေး လာပြီ''

သူကုတင်ပေါ်မှဆင်းလာပြီးအခန်းထဲကထွက်ခဲ့လိုက်၏။
အောက်ထပ်ရောက်တာနဲ့သူကြိုးဖုန်းကိုကောက်ကိုင်လိုက်ပြီး

''အေး ပြော''

''မင်းဘာလို့စက်ပိတ်ထားတာလဲ''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now