Part.11

2.1K 50 0
                                    


Unicode

ညကဖြစ်ရပ်ကြောင့်နောက်မနက်မှာရောင်စဥ်တစ်ယောက်ဖျားယူသွားရသည်။
လူကမလှုပ်ချင်မကိုင်ချင်နဲ့ပဲအိပ်ရာမှထလိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်တော့မမလဝန်းကအခန်းထဲဝင်လာပြီး

''ဪ ရောင်စဥ်နိုးပြီပဲ''

''ဟုတ်မမ''

''ဒီမှာ နေလေးကရောင်စဥ့်အတွက်အဝတ်အစားစီစဥ်ပေးလိုက်ဦးဆိုလို့မမ,ရောင်စဥ့်အတွက်အဝတ်အစားယူလာပေးတယ်''

''ကျေးဇူးပဲနော်မမ''

''ရပါတယ် အတွင်းဝတ်တွေရောပါတယ် အသစ်တွေနော် တံဆိပ်တောင်မဖြုတ်ရသေးဘူး''

''အဲလောက်မလိုပါဘူးမမရယ် အားနာစရာတွေဖြစ်ကုန်ပြီ''

''အမလေး ဘာအားနာစရာလိုလဲ ရောင်စဥ်ရေချိုးဦးမှာမလား''

''ဟုတ်''

''အဲဒါဆိုရေချိုးပြီးဆင်းခဲ့တော့နော်''

''ဟုတ်မမ''

လဝန်းရံထွက်သွားတာနဲ့ရောင်စဥ်လည်းဖွားဖွားအခန်းထဲကရေချိုးခန်းထဲကိုပဲဝင်ခဲ့လိုက်၏။
လူကနေမကောင်းနေတာကိုယ့်ကိုယ်ကိုသိပေမယ့်လည်းရေတော့ချိုးမှဖြစ်မည်။

သူမရေမိုးချိုးပြီးတာနဲ့မမလဝန်းပေးထားခဲ့သောအဝတ်အစားတွေကိုဝတ်ဆင်ပြီးအောက်ထပ်ကိုဆင်းခဲ့လိုက်သည်။
သူမရဲ့စကပ်ကပေါင်တစ်ဝက်သာရှိတာမို့ရောင်စဥ်ကိုယ့်ကိုယ်ကိုမလုံမလဲနဲ့ပဲစကပ်လေးကိုဆွဲချရင်းထမင်းစားခန်းထဲဝင်ခဲ့လိုက်၏။

သူမကိုတွေ့တော့တံတိုင်းကမျက်မှောင်ကျုံ့ကြီးနဲ့အစ်မဖြစ်သူအား

''မမ ဘာတွေပေးဝတ်ထားတာလဲ အရမ်းတိုလွန်းတယ် တစ်ခြားဟာပေးလိုက်''

''ငါ့ထဲမှာရှိတာအဲ့စကပ်အသေးဆုံးပဲ ပြီးတော့တိုတော့ရောဘာဖြစ်လဲ ဒီလောက်လှနေတာကို''

''ဒါပေမယ့်ကျွန်တော့်ဝန်ထမ်းတွေကအဲလောက်တိုတာဘယ်သူမှမဝတ်ဘူး''

''ရောင်စဥ်ကတစ်ခြားသူလား တစ်ခြားသူတွေဘယ်လိုဝတ်ဝတ်ရောင်စဥ်ကတော့ချွင်းချက်ပဲလေ သူ့ကိုစည်းကမ်းတွေနဲ့ကန့်သတ်နေစရာမှမလိုတာ''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now