Final Part

4K 83 1
                                    

Unicode

အချိန်ဆိုတာမျိုးကလည်းအကုန်မြန်သား။

အခုတံတိုင်းနဲ့ရောင်စဥ်တို့ချစ်သူသက်တမ်းကတစ်နှစ်ရှိခဲ့ပြီဖြစ်ပြီးဟိန်းထွဋ်နဲ့သုသုတို့လည်းသားဦးလေးကိုမွေးဖွားခဲ့ပြီးပြီပင်။

ဓူဝံနဲ့ဟိန်းထွဋ်တို့ကတော့လက်ထပ်ဖို့စီစဥ်နေကြပြီ။

''ဘေဘီ''

ဟင်းချက်နေတဲ့သူမအားတံတိုင်းကနောက်ကနေသိုင်းဖက်ကာပါးကိုနမ်းလာတာမို့ရောင်စဥ်သူ့ကိုလှည့်ကြည့်ကာ

''ကိုရောက်ပြီလား''

''အင်း ကိုယ်ပင်ပန်းလာတယ် အာဘွားပေးဦး''

''အခန်းထဲမှာဖူးသစ်ရှိတယ်နော်''

''အာ့ကြောင့်ဘေဘီ့ကိုပြောတာ လက်ထပ်ကြရအောင်ပါဆိုမှ''

''ကဲပါ စူပုပ်မနေပါနဲ့''

ပြောပြီးရောင်စဥ်သူ့ပါးကိုနမ်းလိုက်ကာ

''ကျေနပ်ပြီလား''

''နောက်တစ်ဖက်''

ရောင်စဥ်သူ့ပါးနောက်တစ်ဖက်ကိုပါမကသူ့နှုတ်ခမ်းကိုပါကိုယ်တော်ချောကကျေနပ်သွားဟန်ဖြင့်

''ဘေဘီ့ကအရမ်းချစ်ဖို့ကောင်းလိုက်တာ ကိုယ်အရမ်းချစ်တာပဲ''

''ထပ်ပြောဦး''

''ဟမ်''

''ချစ်တယ်ဆိုတဲ့စကားကခဏခဏကြားရလို့လည်းရိုးမသွားဘူးလေ ချစ်တယ်လို့ထပ်ပြောပါဦးလို့''

''ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်''

''ကဲကဲ ရွဲ့နေသလိုပဲနော်''

''မရွဲ့ရပါဘူး ဘေဘီကကိုယ်တစ်ကယ်အရူးအမူးချစ်ရတဲ့ကိုယ့်ရဲ့အမျိုးသမီးငယ်လေး''

''အကဲပို ဪ ခဏနော် ကို့အတွက်ရောင်စဥ်လက်ဆောင်ဝယ်ထားတယ် သွားယူလိုက်ဦးမယ် ဟင်းအိုးကြည့်ထား''

''အင်း''

ပြောပြီးရောင်စဥ်လည်းထမင်းစားခန်းထဲကထွက်ခဲ့လိုက်၏။
ရောင်စဥ်ထွက်သွားတော့ဘယ်ချိန်ကတည်းကခိုးနားထောင်နေလဲမသိတဲ့ဖူးသစ်ကသူ့အနားရောက်လာပြီး

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now