Part.17

2.4K 53 0
                                    

Unicode

အသည်းကွဲတာဒီလောက်ထိဆိုးပါလားဆိုတာကိုယ်တိုင်ကြုံဖူးမှပဲရောင်စဥ်နားလည်တော့သည်။

သူမမှာအစားတောင်သေချာမစားနိုင်ပဲအိပ်ရာထဲမှာပဲတစ်ချိန်လုံးခွေခေါက်နေမိ၏။

ဖူးသစ်ကတော့တစ်လလောက်ဆိုနေသားကျသွားလိမ့်မယ်​လို့ပြောနေပေမယ့်သူမကတော့အဲလိုမထင်ပါ။

ထိုအခိုက်သူမဖုန်းလေးမြည်လာ၍လှမ်းယူကြည့်လိုက်တော့မမလဝန်းဖြစ်နေ၍မဆက်စဖူးမို့ရောင်စဥ်ခပ်သွက်သွက်ပဲကိုင်ကာ

''ဟဲလို မမလဝန်း''

''ရောင်စဥ်အလုပ်ထွက်သွားတယ်ဆို နေလေးကခုနကမှပြောလို့''

တံတိုင်းအစုတ်ပလုတ်ကသူအပြစ်လွတ်အောင်ပြောထားတာပဲ။

''ဟုတ် ဟုတ်တယ်မမလဝန်း''

''ဘာလို့လဲရောင်စဥ်ရယ် ဘာအဆင်မပြေတာရှိလို့လဲ''

''ဒီလိုပါပဲမမ''

''အဲဒါထားပါ မနက်ဖြန်ရောင်စဥ်အားရင်အိမ်ကိုလာခဲ့ပါလား မနက်ဖြန်နေလေးမွေးနေ့လေ ဘယ်သူ့မှမဖိတ်ဘူး မမတို့မိသားစုဝင်တွေရယ် သူ့သူငယ်ချင်းတွေရယ်ပဲရှိမှာ''

''ရောင်စဥ်မလာ...''

''မလာဘူးလို့မပြောနဲ့နော် လာဖြစ်အောင်လာခဲ့ ဟုတ်ပြီလား နေလေးကလည်းရောင်စဥ့်ကိုခေါ်လိုက်တဲ့''

''ရှင် သူကလား''

''အင်းလေ လာခဲ့နော်ရောင်စဥ်''

''ဟုတ်မမ''

''အင်း အဲဒါဆိုဒါပဲနော်''

''ဟုတ်ကဲ့''

ရောင်စဥ်ဖုန်းချပြီးတာနဲ့ကုတင်ပေါ်ကပြေးဆင်းပြီး​ဗီရိုတံခါးကိုဆွဲဖွင့်လိုက်၏။

​တံတိုင်းကိုယ်တိုင်ကခေါ်ခိုင်းတယ်ဆိုတော့သူမနဲ့ပြန်ပြီးပြေလည်တော့မယ်ထင်ပါရဲ့။
ရောင်စဥ်အရင်ကထက်တက်ကြွလာတာအမှန်ပင်။

တစ်ဖက်မှာလည်းဟန်နီတစ်ယောက်အသည်းကွဲကာအခန်းထဲမှာတရှုံ့ရှုံ့ငိုနေတုန်းသူမထံဖုန်းဝင်လာ၍ဓူဝံများလားဆိုပြီးပျော်သွားပေမယ့်တစ်ကယ်တမ်းဆက်လာသူကတံတိုင်းဖြစ်နေ၍စိတ်ထဲညစ်ညူးသွားရကာဖုန်းကိုင်ပြီး

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now