Part.8

2.2K 53 0
                                    


Unicode

သူနဲ့ရောင်စဥ်တို့မနက်စာစားပြီးပြန်ရောက်လာတော့မိန်းက​လေးတစ်ယောက်ကအောက်ထပ်မှာရှိတဲ့အဖွဲ့အသီးသီးကဝန်ထမ်းတွေအားလက်ဆောင်ပစ္စည်းတွေလိုက်ပေးနေတာတွေ့လိုက်ရသည်။

သူမကတော့စုလေးနွယ်ဖြစ်ပြီးဟိန်းထွဋ်ကိုအရှင်ရရအသေရရလိုချင်နေသူတစ်ဦးပါပဲ။
မိန်းကလေးတကာကိုစိတ်ဝင်စားတဲ့ဟိန်းထွဋ်ကလည်းသူမကိုမှအဖတ်မလုပ်တော့ပိုပြီးခံပြင်းနေသူဆိုလည်းမမှား။

သူမကလည်းရုပ်ရည်အရလှလှပပပေမယ့်ဟိန်းထွဋ်ကသူမကိုတစ်စက်မှအဖတ်မလုပ်။

သူမက​တံတိုင်းကိုမြင်တော့

''ဘော့စ်''

''နင်ပြန်ရောက်နေပြီလား''

''ဟုတ်တယ်ဘော့စ် မနေ့ကပဲပြန်ရောက်တာပါ ဒီမှာစုလေးရဲ့အိမ်ပြန်လက်ဆောင်လေးပါ''

''အေး ကျေးဇူးပဲ''

သူပြောပြီးအပေါ်ထပ်ကိုတက်ခဲ့လိုက်၏။စုလေးနွယ်ကရောင်စဥ့်ကိုလိုက်ကြည့်ကာသူမဘေးကကောင်မလေးအား

''နင်ပြောတာအဲ့မိန်းမလား''

''အေး နင့်ကိုဟိန်းထွဋ်ကြီးကအရူးအမူးတွေပိုးပန်းနေတာ သူတင်မဟုတ်ဘူး အေးအေးဆေးဆေးနေတတ်တဲ့ကိုဓူဝံကလည်းသူ့ကိုအာရုံစိုက်နေ​ပြီးအရမ်းချေပါတယ်ဆိုတဲ့ဘော့စ်ကလည်းသူ့ကိုအရမ်းအရေးပေးနေတာ အလုပ်ဝင်တာဖြင့်မနေ့ကမှကိုသူကငါတို့ထက်ကိုပြီးအားလုံးဝိုင်းမြှောက်စားတာခံနေရတာ''

စုလေးနွယ်ကမဲ့ရွဲ့ရင်း

''ဘယ်နားများလှနေလို့လဲ ကြည့်လို့ကိုမရဘူး''

ချက်ချင်းပဲသူမဆုံးဖြတ်ချက်ချလိုက်သည်။ဟိန်းထွဋ်ကိုသူမပဲပိုင်ရမည်။

🌳🍁🍁🌳

နေ့လည်စာစားချိန်ရောက်တော့ရောင်စဥ်လည်းကုမ္ပဏီကစီစဥ်ပေးထားတဲ့ထမင်းစားတဲ့နေရာသို့ထွက်လာခဲ့လိုက်၏။

သူမကိုမြင်တော့စုလေးနွယ်တို့ဝိုင်းကလှမ်းခေါ်ကာ

''ရောင်စဥ် ငါတို့နဲ့လာထိုင်လေ''

''အင်း''

ရောင်စဥ်လည်းထိုနေရာသို့သွားလိုက်စဥ်သူမကိုကျောပေးထားတဲ့စုလေးနွယ်ကခြေထိုးခံလိုက်တာကြောင့်ရောင်စဥ်မှာခလုတ်တိုက်လဲပြီးလက်ထဲကထမင်းဗူးကလည်းခပ်ဝေးဝေးကိုလွင့်ကာမှောက်ကျသွားပြီဖြစ်သလိုသူမဒူးတစ်ဖက်ကလည်းအတော်လေးနာကျင်သွားရလေ၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now