Part.2

2.9K 76 1
                                    

Unicode

ရောင်စဥ်ကွန်ဒိုကိုပြန်ရောက်တော့ဖူးသစ်ကသူမအားခေါင်းစ​ခြေဆုံးကြည့်ကာ

''ဟဲ့ အင်တာဗျူးသွားဖြေတဲ့သူကဘယ်လိုဖြစ်ပြီးလမ်းဘေးခွေးပုံစံ​ပေါက်လာရတာလဲ''

''ဘယ်အင်တာဗျူးမှမဖြေခဲ့ရသလိုဘယ်အလုပ်မှလည်းမရတော့ဘူး''

ပြောပြီးရောင်စဥ်အခန်းထဲဝင်ကာရေချိုးဖို့ပြင်လိုက်၏။

ဖူးသစ်ကသူမနောက်ကတကောက်ကောက်လိုက်ရင်း

''ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောဦး''

''ပြီးရင်ပြောမယ် ငါရေအရင်ချိုးပါရစေဦး လူလည်းနင်ပြောသလိုလမ်းဘေးခွေးပုံစံပေါက်နေပြီ''

ဖူးသစ်လည်းကုတင်မှာဝင်ထိုင်ပြီးရောင်စဥ့်အားစောင့်နေလိုက်သည်။
ငါးမိနစ်လောက်နေတော့ရောင်စဥ်ကရေချိုးခန်းထဲကပြန်ထွက်လာပြီးဗီရိုထဲကအိမ်နေရင်းဝတ်စုံတစ်စုံကိုယူဝတ်လိုက်ပြီးကုတင်ပေါ်တက်လှဲလိုက်၏။

ဖူးသစ်ကသူမအားမျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး

''ဟဲ့ ပြောလေ''

''ပြောပါမယ်ဟ ငါအခုအပြင်မှာဘယ်သူနဲ့တွေ့ခဲ့လဲသိလား''

''ဘယ်သူနဲ့လဲ''

''နေတံတိုင်းနဲ့''

''နေတံတိုင်း ကြားဖူးသလိုပဲ နေတံတိုင်း နေတံတိုင်း ဟင် မဟုတ်မှ နင့်ရဲ့နေတံတိုင်း''

''အွန်း''

''ဟဲ့ဟဲ့ ထစမ်း ​ငါ့ကိုသေချာပြောစမ်း ဘယ်ကနေဘယ်လိုတွေ့ခဲ့ရတာလဲ''

ဖူးသစ်ကအူယားဖားယားနဲ့ရောင်စဥ့်ကိုအတင်းဆွဲထူလေသည်။

ရောင်စဥ်လည်းအဖွားနဲ့တွေ့တာကနေစပြီးရွှံဗွက်ရေတွေစင်လာတာအဆုံးအကုန်ပြောပြလိုက်လေ၏။

''ဒါဆိုနင်ကသူ့ကိုနင့်မျက်နှာမပြခဲ့ဘူးပေါ့''

''အေး''

''အ,လိုက်တဲ့ကောင်မစုတ်လေး နင်သူ့ကိုစေ့စေ့ကြည့်ခဲ့ရမှာ အဲဒါမှနင်အရမ်းလှတာကိုသူ့ကိုပြပြီးချေမိုးခဲ့ရမှာ တုံးလိုက်တာဆိုတာကလည်း''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now