Part.15

2.1K 51 0
                                    

Unicode

ဖူးသစ်ရဲ့အကြံပေးစကားကြောင့်ရောင်စဥ်လည်းတံတိုင်းအားပထမဆုံးအကြိမ်အဖြစ်ချစ်တယ်လို့ပြောဖို့ရည်ရွယ်ထားသည်။

သူမကွန်ဒိုရှေ့မှာတံတိုင်းကိုရပ်စောင့်နေတာအချိန်တစ်ခုကြာနေသည်ထိသူကပေါ်မလာသေးပါ။

ရောင်စဥ်လက်ကလက်ပတ်နာရီလေးကိုကြည့်လိုက် လမ်းဘက်မျှော်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။

သူမပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်ကာသူ့အားဖုန်းခေါ်ဖို့ပြင်တုန်းသူ့ထံကနေဖုန်းအရင်ဝင်လာတာကြောင့်ရောင်စဥ်ဖုန်းမြန်မြန်ကိုင်ကာ

''ဟဲလို ဘာလို့မလာသေးတာလဲ ဒီမှာစောင့်နေတာကြာလှပြီ''

''အင်း ကိုယ်လုပ်စရာရှိလို့ ဒီနေ့ကုမ္ပဏီမသွားတော့ဘူး မင်းလည်းမသွားနဲ့တော့ ကိုယ်မင်းကိုခွင့်တစ်ရက်ပေးမယ် မင်းအိမ်မှာပဲနားလိုက်ပါ''

''ဘာဖြစ်လို့လဲ နေမကောင်းလို့လား ရောင်စဥ်ရှင့်ဆီလာခဲ့မယ်လေ''

''မလာနဲ့ ဒီညနေမှကိစ္စအားလုံးပြီးရင်ကိုယ်မင်းဆီလာခဲ့မယ်''

''ဪ အင်းပါ အာ့ဆိုလည်းဒါပဲနော်''

''အင်း''

ရောင်စဥ်ဖုန်းချလိုက်ပြီးမှကွန်ဒိုထဲပြန်ဝင်ခဲ့လိုက်၏။
သူဘာများဖြစ်လို့ပါလိမ့်။

___________

ဟန်နီတစ်ယောက်ဆံပင်တွေကိုတစ်လွှာခွဲစီးပြီးပန်းနုရောင်မြန်မာဝတ်စုံလေးကိုဝတ်ဆင်ကာတံတိုင်းတို့ကုမ္ပဏီသို့ရောက်လာလေ၏။
လက်ထဲမှာလည်းထမင်း​ဗူးထည့်ထားတဲ့အိတ်လေးကိုလည်းဆွဲထားသေးသည်။

''ဒီမှာ ဓူဝံ့အခန်းကဘယ်မှာလဲ''

စုလေးနွယ်ကသူမအားခြေစခေါင်းဆုံးကြည့်ကာ

''ဒီတည့်တည့်သွားပြီးညာကွေ့လိုက် အဲမှာသူ့အခန်းတစ်ခန်းပဲရှိတယ်''

''ကျေးဇူး''

ပြောပြီးဟန်နီခပ်သုတ်သုတ်ပဲနေရာကထွက်လာခဲ့လိုက်၏။

ဓူဝံ့အခန်းရှေ့ရောက်တာနဲ့တံခါးကိုခေါက်ကာ

''ဓူဝံ ဟန်နီပါ''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now