Part.3

2.6K 75 0
                                    

Unicode

မီးရောင်စုံဖြင့်အလှဆင်ထားသောခြံကြီးရှေ့သို့ဖူးသစ်ကားလေးကထိုးရပ်သွားလေ၏။

ဖူးသစ်ရဲ့လက်ရာကြောင့်ရောင်စဥ်ကသခွားရောင်ဂါဝန်ရှည်လက်တစ်လုံးလေးနဲ့အလှကြီးလှနေတာပင်။

''ငါတစ်ကယ်ကြီးသွားရမှာလားဖူးသစ် ငါမသွားရဲဘူး''

''တယ် ဒီကောင်မလေးနဲ့တော့ ဒီထိတောင်ရောက်လာပြီပဲဟာကို မြန်မြန်ဆင်းတော့''

ရောင်စဥ်လည်းငွေရောင်ပိုက်ဆံအိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးကားပေါ်ကဆင်းလိုက်၏။

''လာကြိုရတော့မယ်ဆိုဖုန်းဆက်နော်သူငယ်ချင်း ဘိုင့်ဘိုင်''

ပြောပြီးဖူးသစ်ကနေရာမှမောင်းထွက်သွားလေတော့သည်။
ရောင်စဥ်လည်းဂါဝန်လေးကိုလက်တစ်ဖက်နဲ့'မ'ပြီးခြံရှေ့လျှောက်လာလိုက်၏။

ခြံပေါက်ဝရောက်တဲ့အချိန် ခြံထဲကစားပွဲဝိုင်းတစ်ခုမှာထိုင်နေကြတဲ့သူတွေကိုအမြင်မှာရောင်စဥ်တစ်ကိုယ်လုံးအေးခဲသွားသလိုပင်။

ရယ်မောကာစားသောက်နေကြသောသူတို့က နေတံတိုင်း ဓူဝံမင်း ဟိန်းထွဋ်ခေါင်နဲ့သုသဒ္ဓါ။
သူတို့ကခုချိန်ထိခင်မင်ပေါင်းသင်းနေကြတုန်းပဲကိုး။

ရောင်စဥ်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်ပြီးမှဂါဝန်စအားလက်နှစ်ဖက်နဲ့'မ'ကာ​နောက်ကြောင်းပြန်လှည့်ဖို့ဆုံးဖြတ်လိုက်စဥ်

''ညီမလေး''

အသံလာရာကိုလှည့်​ကြည့်တော့မနေ့ကတွေ့ခဲ့တဲ့အစ်မ။

''မနေ့ကညီမလေးမလား''

''ဟုတ်ပါတယ်အစ်မ''

''ခုနကအစ်မဖုန်းပြောနေရင်းနဲ့ငါ့ညီမကားပေါ်ကဆင်းလာတာမြင်တော့တူပါတယ်လို့ကြည့်နေတာ ညီမလေးကအရမ်းလှနေတော့မနည်းကြည့်ယူရတယ်ကွယ် မေမေကငါ့ညီမလာမယ်ဆိုတာကိုပြောထားတယ် အစ်မနာမည်ကလဝန်းရံပါ ညီမလေးနာမည်ကကြယ်ရောင်စဥ်နော်''

''ဟုတ်ပါတယ်''

''ကဲလာ အထဲဝင်''

''မဟုတ်''

ရောင်စဥ်ငြင်းရခက်လက်ခံရခက်နဲ့ပဲလဝန်းရံဆွဲခေါ်ရာနောက်ပါသွားရသည်။
လဝန်းရံကရောင်စဥ့်အားနေတံတိုင်းတို့ဝိုင်းကိုခေါ်လာကာ

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now