Part.4

2.5K 70 0
                                    

Unicode

သူတို့နှစ်ယောက်အောက်ထပ်ကိုဆင်းခဲ့တော့အိမ်ထဲကဝိုင်းမှာပြောင်းထိုင်နေကြတဲ့သုသဒ္ဓါတို့သုံးယောက်ကသူတို့ကိုလှည့်ကြည့်ကာ

''ပျောက်သွားပါတယ်အောက်မေ့နေတာ ဘာမဟုတ်တာတွေသွားလုပ်နေတာလဲ''

''ဘာတွေပြောနေတာလဲ မဟုတ်တာတွေလျှောက်မပြောစမ်းနဲ့''

ဟိန်းထွဋ်ခေါင်ကရောင်စဥ့်ရှေ့ရောက်လာပြီးသူ့လက်ကိုကမ်းပေးကာ

''တွေ့ရတာဝမ်းသာပါတယ် ဟိန်းထွဋ်ခေါင်ပါ''

​ရောင်စဥ်ယောင်ကန်းကန်းနဲ့ပဲသူ့အားပြန်ပြီးလက်ဆွဲနှုတ်လိုက်စဥ်ဟိန်းထွဋ်ခေါင်ကသူမလက်အားဆွဲဆောင့်လိုက်တာကြောင့်သူမတို့နှစ်ယောက်လူချင်းရောမျက်နှာချင်းပါနီးကပ်သွားရလေသည်။

ရောင်စဥ်ကြောင်သွားတုန်းတံတိုင်းကချက်ချင်းပဲသူမအားသူ့ဘက်ပြန်ဆွဲခေါ်ကာ

''မင်းဘာလုပ်တာလဲဟိန်းထွဋ် ဖွန်ကြောင်တာလည်းကြည့်ကြောင်စမ်းပါ''

သူတို့အပြုအမူနဲ့စကားတွေကြောင့်ရောင်စဥ့်မှာနေရခက်လာရ၏။
ဟိန်းထွဋ်ခေါင်ကလည်းကျောင်းတုန်းကအတိုင်းလက်ရဲဇက်ရဲပင်။
စာလေးတော်ပြီးရုပ်လေးချောတာရှိပြီးအကျင့်ကတစ်စက်မှမကောင်း။
မိန်းကလေးတွေကိုငိုအောင်စတတ်ပြီး မိန်းကလေးလှလှလေးများတွေ့ရင်ငမ်းကြောထပြီးသား။

''ကျွန်မကိုခွင့်ပြုပါဦး''

ပြောပြီးသူမနောက်ကိုလှည့်လိုက်စဥ်အဖွားကအိမ်ထဲဝင်လာပြီး

''ဟာ မြေးလေး ဘယ်တွေသွားနေလို့ခုမှပြန်လာတာလဲ အဖွာကမြေးလေးကိုမျှော်နေတာ''

ပြောရင်းနဲ့အဖွားကသူမအားအတင်းဖက်လာလေသည်။
တံတိုင်းလည်းထိုမြင်ကွင်းကိုမြင်ကာအံ့အားသင့်သွားရ၏။
ပုံမှန်ဆိုအဖွားကဒီအိမ်ကမိသားစုဝင်ကလွဲရင်ဘယ်သူစိမ်းကိုမှမတွယ်တာတတ်သူ။

''အဖွား သမီးကအိမ်ပြန်ရတော့မှာအဖွားရဲ့''

''ဒါမြေးလေးအိမ်ပဲလေ''

''ဒါသမီးအိမ်မဟုတ်ဘူးလေအဖွား''

''အာ မရဘူး မပြန်ရဘူး''

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now