Part.10

2.2K 57 0
                                    


Unicode

''ရှင်ဒါဘာလုပ်တာလဲ''

''နမ်းလိုက်တာလေ ဘာလဲ ထပ်လိုချင်လို့လား''

ရောင်စဥ်သူ့ကိုမကျေမချမ်းကြည့်ကာထိုင်ရာမှထပြီးသူ့ရင်ဘတ်ကိုထုရိုက်တော့သူကရောင်စဥ့်လက်နှစ်ဖက်ကိုချုပ်ထားပြီးသူနဲ့နီးသွားအောင်ဆွဲကပ်ကာ

''မင်းကိုငါမဟုတ်တဲ့တစ်ခြားကောင်တွေနဲ့မပတ်သက်စေချင်ဘူးကြယ်ရောင်စဥ်''

ရောင်စဥ်သူ့မျက်လုံးတွေကိုစိုက်ကြည့်ရင်းနှုတ်ဆိတ်သွားရသည်။

''မင်းငါပြောတာကြားလား''

''ရှင်နဲ့ရောင်စဥ်ကဘာပတ်သက်လို့ရောင်စဥ်ကရှင်ပြောသလိုလုပ်ရမှာလဲ ရှင်နဲ့ရောင်စဥ်ကအလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးလေ ရောင်စဥ့်ကိုယ်ရေးကိုယ်တာတွေမှာရှင်ဝင်ပါလို့မရဘူး''

သူကရောင်စဥ့်ကိုနံရံမှာဖိကပ်လိုက်ပြီး

''အဲဒါဆိုလည်းဆိုင်အောင်လုပ်လိုက်လေ မင်းငါ့ကောင်မလေး...''

"ဒေါက် ဒေါက်''

သူစကားဆုံးအောင်တောင်ပြောခွင့်မရလိုက်ပဲသူ့ရုံးခန်းတံခါးကိုလာခေါက်သံကြောင့်သူရောင်စဥ်နဲ့လူချင်းအမြန်ခွာလိုက်ရ၏။

''ဝင်ခဲ့''

သူခွင့်ပြုလိုက်တာနဲ့ဝန်ထမ်းကောင်လေးတစ်ဦးကအခန်းထဲဝင်လာလေသည်။

ထိုအခါမှရောင်စဥ်လည်းကိုယ့်နေရာကိုပဲပြန်လာထိုင်လိုက်၏။
စိတ်ထဲမှာလည်းတံခါးလာခေါက်တဲ့ဝန်ထမ်းကောင်လေးကိုမကျေနပ်ချင်သလိုလို။
မဟုတ်ရင်နေတံတိုင်းရဲ့စကားကိုဆုံးအောင်နားထောင်လိုက်ရမှာ။

အခုတော့...။

🌳🍁🍁🌳

ညနေရုံးဆင်းတော့ထုံးစံအတိုင်းနေတံတိုင်းကပဲသူမအားကွန်ဒိုရှေ့ထိလိုက်ပို့ပေးလေ၏။
မနက်ကကိစ္စကိုတော့သူရောရောင်စဥ်ရောခုထိစကားအစမဖော်မိသေးပေ။

''သွားလိုက်ပါဦးမယ်''

''အင်း''

ထိုစဥ်

''ချင်းဂူး ပြန်ရောက်ပြီလား''

အသံနဲ့အတူဖူးသစ်ကကောင်လေးတစ်ယောက်နဲ့ကားတစ်စီးပေါ်ကဆင်းလာလေ၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now