Part.13

2.2K 50 0
                                    


Unicode

လူတွေအားလုံးရဲ့အကြည့်တွေကသူတို့ဆီကမခွာနိုင်ခဲ့သလို သူတို့ကလည်းတစ်ယောက်ကိုတစ်​ယောက်ဖက်တွယ်ထားဆဲပင်။

တံတိုင်း သူမကိုနမ်းနေတာရပ်လိုက်ပြီးမှသူမလက်ကိုဆွဲ၍

''ပြန်မယ်''

သူဘယ်သူ့ကိုမှဂရုမစိုက်ပဲရောင်စဥ့်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးပွဲထဲမှထွက်လာခဲ့လိုက်တော့သည်။

ဟိန်းထွဋ်ကတော့ဘာမှမပြောနိုင်ပဲကြက်ကြီးလည်လိမ်ထားသလိုကျန်ခဲ့ရ၏။

ထိုအချိန်သုသုကသူ့နားရောက်လာပြီး

''ဟိန်းထွဋ် အဆင်ပြေရဲ့လား''

''တံတိုင်းနဲ့ရောင်စဥ်က ချစ်သူတွေလား''

''ဟုတ်မယ်ထင်တယ်''

''ဪ''

သူထိုတစ်ခွန်းသာပြောပြီးနေရာမှလှည့်ထွက်လာခဲ့လိုက်သည်။
သုသုကတော့သူ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရုံမှအပမတတ်နိုင်ပေ။

_____________

ရောင်စဥ်တို့ကွန်ဒိုကိုပြန်ရောက်တာနဲ့သူ့ကားပေါ်ကဆင်းမယ်လုပ်တော့သူကလက်ကိုဆွဲထားပြီး

''ဘာဖြစ်နေတာလဲ တစ်လမ်းလုံးစကားလည်းမပြောဘူး''

''ဘာမှမဖြစ်ပါဘူး သွားတော့မယ်''

''နေဦး အခန်းရှေ့ထိလိုက်ပို့ပေးမယ်''

''ရပါတယ်''

''အသာတကြည်လက်ခံစမ်းပါ''

ရောင်စဥ်ဘာမှပြောမနေတော့ပဲသူနဲ့အတူကွန်ဒိုထဲဝင်ခဲ့လိုက်၏။
ဓာတ်လှေကားထဲရောက်တော့တံတိုင်းက

''ဟိုမှာတုန်းက မင်းကိုယ့်ကိုဘာလို့ပြန်နမ်းတာလဲ''

သူ့မေးခွန်း​ကြောင့်ရောင်စဥ်ထူပူသွားရပြီးဂါဝန်စလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ

''အဲဒါက...''

သူကရောင်စဥ့်ဘက်လှည့်ကာခါးကိုအသာဆွဲဖက်ပြီးပါးလေးတစ်ဖက်ကိုကိုင်ကာ

''မင်းကိုယ့်ကိုလက်မခံနိုင်ရင်ကိုယ့်ကိုခါးခါးသီးသီးဖြစ်နေမှာပေါ့ ဟုတ်တယ်မလား''

ရူးရူးမူးမူး...အချစ်ဦး[completed]Où les histoires vivent. Découvrez maintenant