Part.9

2.2K 54 0
                                    


Unicode

''အာ့ဘာလုပ်နေကြတာလဲဟင်''

အသံလာရာကိုလှည့်ကြည့်မိတော့ဖူးသစ်ကသူမနဲ့တံတိုင်းအားထိုင်ကြည့်နေ၍ရောင်စဥ်လည်းတံတိုင်းအားတွန်းလွှတ်ပစ်လိုက်ပြီးအမြန်ထထိုင်လိုက်၏။

''ဒါ နင်ထင်သလိုမဟုတ်ဘူးနော်ဖူးသစ်''

''ဪ ဒါဆိုငါမြင်သလိုပေါ့''

''နင်ဘာတွေပြောနေတာလဲ''

ရောင်စဥ် တံတိုင်းဘက်လှည့်ကာ

''ရှင်ပြန်တော့လေ ဘာလုပ်နေတာလဲ''

''ဟင် အင်း သွား သွားပြီနော်''

မျက်နှာကြီးနီရဲကာအထစ်ထစ်အငေါ့ငေါ့နဲ့ပြောပြီးကွန်ဒိုထဲကထွက်သွားတဲ့နေတံတိုင်းအားဖူးသစ်ကပြုံးစေ့စေ့နဲ့လိုက်ကြည့်ပြီးရောင်စဥ့်လက်မောင်းကိုပိတ်ရိုက်ကာ

''လက်သွက်ခြေသွက်မ နင်တို့ကဒီအဆင့်ထိရောက်လာပြီလား''

ရောင်စဥ်ကဖူးသစ်နားရွက်ကိုဆွဲလိမ်ပစ်ပြီး

''မဟုတ်တာပြောဖို့ဆိုနင်ထိပ်ဆုံးကပဲ ဒါမတော်တဆဟဲ့ ဘာတွေပြောမှန်းမသိဘူး''

ရောင်စဥ်ပွစိပွစိပြော၍သူမအခန်းထဲဝင်ခဲ့ပြီးအဝတ်အစားတွေချွတ်ကာရေချိုးဖို့ပြင်သည်။

သူမအတွေးထဲမှာလည်းခုနကအဖြစ်အပျက်ကဖျောက်ဖျက်လို့မရနိုင်ပဲတဝဲလည်လည်နှင့်။

တံတိုင်းလည်းထိုနည်းတူပဲဖြစ်သည်။
သူခုထိရောင်စဥ်တို့ကွန်ဒိုရှေ့ကထွက်မလာနိုင်သေးပဲကားစတီယာတိုင်ကိုကိုင်ကာစိတ်တွေတည်ငြိမ်အောင်လုပ်နေရ၏။

ပြောရရင်ဒါကသူ့ရဲ့first kissမလား။ပြီးတော့အဲဒါကလည်းကြယ်ရောင်စဥ်နဲ့တဲ့။ဒါပေမယ့်သူ့စိတ်ထဲထိုအဖြစ်အပျက်ကိုပဲအရမ်းကျေနပ်နေမိတာပင်။

''မင်းကဘာလဲကြယ်ရောင်စဥ် ငါ့စိတ်တွေကိုရှုပ်ထွေးအောင်မင်းဘာလို့လုပ်နေရတာလဲ''

🌳🍁🍁🌳

ဒီနေ့ကသူတို့ရဲ့ဖိနပ်ဒီဇိုင်းအတွက်ကြော်ငြာဓာတ်ပုံရိုက်ဖို့တံတိုင်း ဓူဝံ ဟိန်းထွဋ်နဲ့သုသုအပါအဝင်ရောင်စဥ်ပါstudioသို့ရောက်နေကြ၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now