အပိုင်း(၁)

52 0 0
                                    


"သုတမောင်မောင် တဲ့ သူ့နာမည်က"

ကောင်မလေးများက တစ်ဖက်ဝိုင်းမှ
သုတမောင်မောင်ဖက်ကို မေ့ငေါ့ပြ၍ တီးတိုးပြောနေကြသည်။

"ဘယ်လိုလဲ သူက အာကေလား"

"Top Ten စာရင်းဝင် ဦးသက်ဝေမောင်ရဲ့ သားတဲ့"

"ဟာ မီလီ ကားလုပ်ငန်းပိုင်ရှင် ဦးသက်ဝေကို ပြောတာလား"

"မီလီ ဟိုတယ်နဲ့ စိန်လုပ်ငန်းလည်းရှိသေးတယ်လေ။ ပြီးတော့ တစ်ဦးတည်းသော သားနော်"

"ဝါး sugar dady's son လေးပဲ"

သူကပဲ နားပါးလို့လား ၊ ထိုမိန်းကလေးများ၏ အသံကပဲ ကျယ်လို့လားတော့မသိ။ သူတို့၏ တီးတိုးသံများကို သုတမောင်မောင် ရှင်းရှင်းလင်းလင်းကြားနေရပါသည်။

"ဟိုဖက်က မိန်းကလေးတွေက မင်းကိုစိတ်ဝင်စားနေကြသလိုပဲ မောင်မောင်"

သူရိန်မျိုးထက်၏ စကားကို သုတမောင်မောင် ပြန်မဖြေဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။ ဒါမျိုးတွေက သုတမောင်မောင်အတွက် ရိုးနေပြီဟု ဆိုလျင် မဆန်းပါ။ သုတမောင်မောင်ဟာ မြန်မာနိုင်ငံရဲ့ top ten စာရင်းဝင် ဦးသက်ဝေမောင်ရဲ့ တစ်ဦးတည်းသော သားတစ်ယောက်၊ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားသူ၊ ရုပ်ရည်ကလည်း တစ်ကျောင်းလုံးရဲ့ King ရဖူးသူဆိုတော့ ခန့်ညားမှု ချောမော မှုတွေ ပြည့်နှက်နေသူ ။ သူ့လို လူတစ်ယောက်က သွားသည့်နေရာတိုင်း ငေးမောကြည့်နေသည့်သူတွေ သူ့ဆီကို ချဉ်းကပ်ချင်တဲ့သူတွေနဲ့ ပြည့်နေတာက ရိုးလို့ပင်နေပေပြီ။

ဒီနေ့လည်း ဘားလာတာမို့ သုတမောင်မောင် တစ်ယောက် စတိုင်ကျကျ ဝတ်စားဆင်ယင်လာသည်။ အနက်ရောင် ဂျက်ကပ်ပွပွလေးကို အနက်ရောင် အောက်ခံအင်္ကျီလေးနဲ့ဝတ်ကာ အနက်ရောင် ဘောင်းဘီရှည်ကို fit ကျကျဝတ်ထားတော့ အရပ်ရှည်ပြီး အချိုးအစားကျလှသော သူ့ ခန္ဓာကိုယ်က နဲ့ လိုက်ဖက်၍နေသည်။ သူ့အကြိုက်ဆုံ မျက်မှန်‌ကို တပ်ကာ Gucci အိတ်ကိုပါ ဟန်အပြည့်ဖြင့် လွယ်ထား‌သည်၊ သူ့ဆံပင် ရှည်ရှည်‌လေးကို နဖူးတွင် ပုံစံတကျဖြန့်ချထားသေးတော့ သူ့ပုံစံက လူအလယ်တွင် ထင်းထွက်နေသည်။

အချစ်စစ်ရှာပုံတော်Where stories live. Discover now