ရွာထဲတွင်အလှူတစ်ခုရှိတာကြောင့် စောမြတ်ညိုတစ်ယောက် မနက်ကတည်းကမအားလပ်နိုင်ဖြစ်နေသည်။ ရေသယ်ပေး၊ ထင်းခွဲပေး၊ ဟင်တွေဆေး အစုံလုပ်သည်။ သူမလုပ်လည်းအဆင်ပြေသည့်နေရာများတွင် သူတစ်ယောက်အားနှင့်တစ်ယောက်အားသက်သာအောင်ကူညီပေးလျက်ရှိသည်။ အလှူမဏ္ဌပ်ထဲတစ်နေရာတွင် ထိုင်ကာ ငေးကြည့်နေသော သုတမောင်မောင်ကိုကား ရွာမှအပျိုလေးတစ်သိုက်ကလည်း ငမ်းလျက်ရှိပြန်သည်။ ကောင်မလေးများကသူ့ကိုမျက်စပစ်ပြရင်း တစ်ခိခိရယ်နေကြပါသေးသည်။ သုတမောင်မောင်အတွက် ဤကိစ္စများသည် မထူးဆန်းသော်လည်း သူမနေတတ်ဖြစ်နေသည်။ ထို့ကြောင့် အလုပ်များနေသော စောမြတ်ညိုကိုသာ လှမ်းကြည့်နေရသည်။"ဘယ်လိုလဲ ပျင်းနေပြီလား"
အကိုစံလင်းသိန်းက ကွမ်းတစ်ယာဝါးရင်း သူ့အနားတွင်ဝင်ထိုင်သည်။
"မပျင်းပါဘူး ပျင်းကြည့်လိုက်ပါလား ခုစစ်တွေပြန်ရောက်သွားမယ်"
"ဟင်း စောမြတ်ကို အဲ့လောက်တောင်ကြောက်ရလား"
"ကြောက်ရတယ်အကိုရ သူ့အကြည့်ကတစ်ခါတစ်လေကျွန်တော်ကိုသတ်နေသလိုပဲ ကြက်သီးပါထတယ်"
"စောမြတ်က အဲ့လိုကြည့်တတ်ပေမယ့် သဘောကောင်းပါတယ်။ မင်းသူ့ကိုသိသွားရင်တော်တော်ခင်သွားမှာ သေချာတယ်"
သူရမောင်မောင်သည် စံလင်းသိန်းကို လေးနက်စွာကြည့်လိုက်ကာ
ခုမေးလိုက်ရမလား။ မေးရင်လည်းဖြေပါ့မလား။ စောမြတ်ညိုဟာဘယ်လိုလူဆိုတာ အတိအကျသိတဲ့သူဟာ အကိုလားလို့ မေးလိုက်ချင်သော်လည်း။
"ဒါနဲ့လေ စောမြတ်ညိုက ဘာလို့ ကျွန်တော့်ကိုပဲ ခါးသီးနေတာလဲမသိဘူး သူအကုန်လုံးကို စကားကောင်းပြောတယ် ကျွန်တော့်ကိုကျတော့ ဘာပြောပြော အဆင်ကိုမပြေဘူး အဲ့ဒါဘာလို့လဲအကိုသိလားဟင်"
စံလင်းသိန်းက လက်ခနဲတစ်ချက်ပြုံးလိုက်ပြီး ခပ်လှမ်းလှမ်းတွင် ကြက်သွန်နီအခွံခွာနေသည့် စောမြတ်ညိုကို လှမ်းကြည့်လိုက်ကာ
"မင်းကသူများနဲ့မတူလို့နေမှာပေါ့။ စောမြတ်က လူတွေနဲ့အငြင်းအခုံလုပ်တာ စကာများတာ ငါတစ်ခါမှမမြင်ဖူးဘူး မင်းနဲ့ကျမှ စောမြတ်ဟာ ဒီလိုငြင်းခုံစိတ်ဆိုးတတ်သေးတယ်ဆိုတာသိတာ"
YOU ARE READING
အချစ်စစ်ရှာပုံတော်
Romanceအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။