အပိုင်း(၂)

34 0 0
                                    


"မင်းက 6A ငါက 7A ဟုတ်လား မောင်မောင်"

ကားလက်မှတ်ပေါ်က ခုံနံပါတ်တွေကိုကြည့်ကာ သူရိန်မျိုးထက် အံ့ဩ၍ အော်လိုက်ရာ သူက 'ဘာဖြစ်လို့လဲ' ဟူသည့် သဘောဖြင့် မျက်ခုံးလေးပင့်ကာ မေးဆတ်ပြလိုက်သည်။

"မင်းက ရှေ့တန်း ငါက နောက်တန်းနော် တူတူထိုင်ရမှာမဟုတ်ဘူး"

"သိတယ်လေ။ ဘာလဲ မျိုးက ငါနဲ့တူတူထိုင်ချင်လို့လား"

သူရိန်မျိုးထက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တူတူထိုင်ချင်တာမျိုးတော့ မဟုတ်ပေမယ့် တူတူသွားတာဆိုတော့လည်း တူတူထိုင်မည်ထင်ခဲ့ခြင်းပါလေ။

"ကဲ့ပါ ကားပေါ်သာတက်ရအောင်။
ပြောလို့မရဘူးလေ ငါ့အနားမှာ ထိုင်တဲ့သူကလည်း ငါ့အချစ်စစ်ဖြစ်ရင်ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား။"

သူရိန်မျိုးထက်ကတော့ သူ့စကားကို ရွဲ့သလိုဖြင့် ခေါင်းခါလိုက်ကာ ကားပေါ်သို့ ရှေ့မှ တက်လာခဲ့သည်။ ယောကျာ်းလေးတွေဖြစ်တာမို့အထုပ်မများ တစ်ယောက် ကျောပိုးအိတ်တစ်လုံးလောက်ပဲပါကြသည်။

ထိုင်ခုံတွင်ထိုင်ရင်း ကားပေါ်သို့ စကားတပြောပြောနှင့် တက်လာကြသူများကို စောမြတ်ညို အကဲခတ် ကြည့်နေသည်။

ရှေ့က တက်လာသူသည် အရပ်ကသိပ်မရှည်ပေမယ့် အသားဖြူသည်။ ဝတ်စားဆင်ယင်မှု သန့်ပြန့်သည်။ ဆံပင် ခပ်တိုတို ရုပ်ရည်ကလည်း ပုံမှန်လူတစ်ယောက်အနေနှင့် ခန့်သည်ဟုဆိုနိုင်သည်။ ဝတ်ထားသည့် နာရီကိုကြည့်ရတာ ဈေးအနေတော်မို့ အရမ်းချမ်းသာတာမျိုး‌တော့မဟုတ်ဟု စောမြတ်ညိုခန့်မှန်းလိုက်သည်။

နောက်က မျက်နှာတည်တည်နဲ့ တစ်ယောက်ကတော့...

စောမြတ်ညို ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့ပုံစံကို မခန့်မှန်းနိုင်သေးခင် သူ့ရုပ်ရည်အရှိန်အဟုန်တွင် ယောကျာ်းတစ်ယောက်ဖြစ်သည့် သူပင် ခဏမျှ ငေးမော‌မိသွားသည်။ အရပ်ရှည်ပြီး အသားဖြူသည်။ ဝတ်စားထားသည့် အင်္ကျီ အပြာနုရောင်တီရှပ်လက်ရှည်နှင့် ဘောင်းဘီအနက်က ပုံမှန်ပေမယ့် သူက ထင်းထွက်နေသည်။ ထူးခြားဆုံးကတော့ သူ့မျက်နှာရဲ့ ပြည့်စုံမှုများလား။ မျက်လုံးက ရွှန်းလဲတောက်ပကာ နှာတံသွယ်သွယ်က ထင်ရှားလှသည်။ ဒါတောင်မက သူ့မျက်ခုံးအနက်ရောင်တို့ကလည်း သူ့ရဲ့ မျက်နှာကိုအဓိက ထောက်ပံ့နေသယောင်။ နားအကျော်ထိ ဆံပင် ဖြောင့်ဖြောင့်ရှည်ရှည်လေးမို့ ဆံပင်မွှေးနုလေးတစ်ချို့ သူ့နဖူးပေါ်ဝဲကျနေသည်ကပင် ကြည့်ကောင်းလှသည်။ ပုံမှန်လူတစ်ယောက်အနေနှင့် အလွန် ချောမောခန့်ညားသည့် ယောကျာ်းတစ်ယောက်ဟုဆိုနိုင်ပါသည်။ အသက်က အလွန်ဆုံးရှိ နှစ်ဆယ့်သုံးလောက်ပေမယ့် သူ့အရှိန်အဝါကတော့ လေးစားစရာကောင်းနေသလိုမျိုး စောမြတ်ညို ခံစားရသည်။

အချစ်စစ်ရှာပုံတော်Where stories live. Discover now