အပိုင်း(၂၅)

4 0 0
                                    

"အကို ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး"

သူရိန်မျိုးထက်သည် လမ်းမပေါ်ထိုင်ကာ ညီးတွားလိုက်သဖြင့် စံလင်းသိန်းစိတ်ညစ်သွားသည်။

"ထစမ်းပါကွာ ကလေးလို လုပ်မနေစမ်းပါနဲ့"

သူကိုယ်တိုင်လည်း သောက်သည့်အရှိန်များ‌သွားသောကြောင့် ခေါင်းက နောက်ကျိကျိဖြစ်နေသည်။

"တကယ်မရတော့တာပါဆို မူးလိုက်တာ ကျွန်တော် ဒီမှာပဲ အိပ်တော့မယ်"

ပြောရင်း သူက မြေကြီးပေါ်ပက်လက်လှန်ရန်ဟန်ပြင်ရာ စံလင်းသိန်း အလျင်အမြန်သွားဖမ်းထားလိုက်ရသည်။

"ဟေး ဟေး ဒီမှာတော့ အိပ်လို့အရဘူးလေကွာ။ ကဲ့ပါ တက် ငါကျော‌ပေါ်သာ တက်ကွာ"

စံလင်းသိန်းက ကျောကုန်းပေးကာ ရပ်လိုက်သဖြင့် သူရိန်မျိုးထက် ဒယိမ်းဒယိုင်း ဖြင့် သူ့ကျောကုန်းပေါ်သို့ တက်လိုက်သည်။

"အူး လေးလိုက်တာ"

"မလေးပါဘူး ကျွန်တော်က ငှက်မွှေးလေးလိုပေါ့တယ်တဲ့ မေမေကပြောတယ်"

"ဘယ်တုန်းကလဲ "

"ငယ်ငယ်တုန်းက‌လေ"

"ခွေးကောင် ခုက ငှက်မွှေးမဟုတ်ဘူး ငှက်အကောင်တစ်ထောင်လောက်လေးတယ်ကွ"

စံလင်းသိန်းတစ်ယောက် သူရိန်မျိုးထက်အား မနိုင်တနိုင်ဖြင့် ကျောပိုးကာ အိမ်ဖက်သို့လာခဲ့ရသည်။ အိမ်ရောက်တော့လည်း အိပ်ရာပေါ်အသာအယာ သိပ်ပေးရသေး၏။ စံလင်းသိန်း၏မိခင်ကတော့ သူတို့နှစ်ယောက်အားကြည့်ကာ ရယ်နေလေ၏။

"စံလင်းသိန်းကတော့ ယောကျာ်းအရက်မူးလို့ပြန်လာတဲ့ မိန်းမနဲ့ တော်တော်တူတယ်ဟေး ဟင်းဟင်း"

စံလင်းသိန်းသည် သူ့အမေကိုတစ်လှည့်၊ သူရိန်မျိုးထက်ကိုတစ်လှည့်ကြည့်ကာ ပြောစရာစကားမရှိတော့သဖြင့် ခေါင်းသာခါနေတော့၏။

_______________________________________

ကျေးငှက်တို့၏ အာရုံတက် မြည်တွန်သံနောက်တွင် ကြက်ဖတို့၏ မနက်ရောက်ပြီဟု သတိပေးသံထွက်လာရာ စောမြတ်ညိုသည် ထရန်ဟန်ပြင်စဉ်

အချစ်စစ်ရှာပုံတော်Where stories live. Discover now