Warning!(သိပ်မကြမ်းသလို ကြမ်းသလိုလို scene လေးပါမှာမို့ မကြိုက်ရင် ကျော်သွားကြပါနော်။ ကျော်သွားမယ့်သူတွေလည်းမဟုတ်။😁)
"စော ဒီနေ့တူတူ အိပ်ကြရအောင်နော်"
သုတမောင်မောင်စကားကြောင့် စောမြတ်ညိုမျက်လုံးပြူးသွားကာ သူ့ကိုတွန်းထုတ်လိုက်ရင်း
"ခင်ဗျားက နည်းနည်းမှ အလျှော့ပေးလို့မရတဲ့လူပဲ"
သုတမောင်မောင်က အားရပါးရရယ်မောကာ အိမ်ရှေ့ကွပ်မျစ်တွင်ဝင်ထိုင်လိုက်သည်။
"စောကလည်းကွာ ချစ်သူတွေပဲ ဉစ္စာ တူတူအိပ်တာဘာဖြစ်လို့လဲ"
"မရပါဘူး ခင်ဗျားကို မယုံဘူး"
"အဲ့ဒါတော့ ဟုတ်တယ် အကိုလည်း အကို့ကိုအကိုမယုံဘူး"
စောမြတ်ညိုက 'သိသားပဲ' ဟူသော ပုံစံမျိုးဖြင့် နှုတ်ခမ်းလေးမဲ့ကာ မျက်စောင်းကလေးထိုးလိုက်သည်။
"လာပါ ဒီမှာ ခဏထိုင်ရအောင်"
သူက သူ့ဘေးမှ နေရာကို လက်ကလေးဖြင့် ပုတ်ကာ ခေါ်သဖြင့် စောမြတ်ညိုဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ပေါ်မှ တောက်ပနေသော လဝန်းကို ငေးကြည့်နေကြသည်။ တိုက်ခတ်လာသော လေပြေလေးနှင့်အတူရောပါလာသော စော၏ ရနံ့မွှေးမွှေးကို သုတမောင်မောင်အားရပါးရရှုရှိုက်လိုက်မိ၏။ ဖြစ်နိုင်လျှင် စော၏အနံ့လေးကို သူတစ်ယောက်တည်းအတွက် ရေမွှေးလုပ်ကာ သိမ်းထားချင်သည်။
"ဒါနဲ့ ကျွန်တော် ခင်ဗျားကိုမေးချင်တာရှိတယ်"
"အင်း မေးလေ"
"ကျွန်တော် သွေးကြောက်တတ်တာ ခင်ဗျား ဘယ်လိုသိလဲ"
ဟုတ်သားပဲ သူ စောအကြောင်းသိနေသည်ကို စောမသိသေးပေ။ အမှန်အတိုင်းပြောလိုက်လျှင် စော အကိုစံလင်းသိန်းကိုစိတ်ဆိုးသွားမည်ကိုလည်း စိုးရသေး၏။
"အမ် အဲ့ဒါကလေ စောက သွေးကိုမြင်ရင် မျက်လုံးကြီးကပြူးသွားတာ ဒါနဲ့ကြောက်တယ်လို့ ရိပ်မိသွားတာ ဒါနဲ့စောတကယ်ပဲ သွေးကိုကြောက်တာလား။"
သူကမသိယောင်ဆောင်ကာ မေးလိုက်သည်။ စောမြတ်ညိုသည် ခေါင်းကိုဖြည်းညင်းစွာညိတ်ကာ
YOU ARE READING
အချစ်စစ်ရှာပုံတော်
Romanceအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။