အပိုင်း(၁၀)

10 0 0
                                    


တောင်ပတ်ပတ်လည်စေတီတည်ထားခြင်းဖြစ်သောကြောင့် တစ်နေရာနှင့်တစ်နေရာကို သူတို့ အချိန်အနည်းငယ် လမ်းလျှောက်သွားရသည်။ သုတမောင်မောင်၏ ဆံပင်ရှည်ရှည်တို့သည်ပင်ချွေးစက်များဖြင့် စိုရွဲနေတော့၏။ စောမြတ်ညိုသွားသည့်နောက်ကို သုတမောင်မောင်လိုက်ခြင်းဖြစ်သော်လည်း စကားမပြောဖြစ်ကြ။ စကားစသည်နှင့် ရန်ဖြစ်ကြရမည်ကို သူတို့နှစ်ယောက်လုံးသိကြ၍ပင်။

သူတို့တောင်ပေါ်က ပြန်ဆင်းလာတော့ အလိုက်သင့်စောင့်နေသော တုတ်တုတ်ကလေး ပေါ်တက်ထိုင်လိုက်ကြသည်။ တုတ်တုတ်ကားလေးသည် သူတို့ကို ဆိပ်ကမ်းတစ်ခုဆီပို့ပေး၏။ လမ်းတစ်လျှောက် ကျောက်တော်မြို့၏ လမ်းမြင်ကွင်းများကိုတွေ့ရသည်။ ဈေးဆိုင်တန်းများ၊လူများဖြင့် ပြည့်ကျပ်နေပြီး တုတ်တုတ်ကားလေး မြောက်များစွာကိုတွေ့ရသည်။ တုတ်တုတ်ကားလေးသည် ရခိုင်ပြည်ရှိမြိုတို့၏ သယ်ယူပို့ဆောင်ရေး‌တွင်အရေးပါပုံရပါ၏။

ဆိပ်ကမ်းကိုရောက်ချိန် တံတားပေါ်က မြင်ရသော လှေသေးသေးများကို အကြီးကြီး မြင်ရပြန်သည်။ သုတမောင်မောင်သည် မြစ်ရေပြင်ကျယ်ကိုမြင်တော့ ကြောက်ကာ လက်ဖျားတို့အေးတက်လာတော့သည်။ တံတားပေါ်မှ ၊တောင်ပေါ်မှကြည့်တုန်းကတော့ ဂစ္ဆပနဒီမြစ်ပြင်သည် သည်လောက်မကျယ်သလိုပင်။ ခုတော့ ဟိုဖက်ကမ်းကိုတောင် သိပ်မမြင်ရ။ ငယ်ငယ်ကတည်းက ရေကူးသင်ရန်ပျင်းခဲ့သော သူသည် ဒုက္ခလှလှတွေ့လေပြီ။

"စောမြတ်ညိုပါလား နေကောင်းတယ်မလား"

"ဟုတ်ကဲ့ အခင် ကောင်းပါတယ်"
(အခင်= ဦးလေး)

ဆိပ်ကမ်းတွင် စောမြတ်ညိုကို သိသောသူအများအပြားနှင့်တွေ့ရသည်။ စောမြတ်ညိုဟာ လူတိုင်းနှင့် သိနေသည်ကို သူအံ့ဩရပြန်သည်။ ဈေးသည်နှင့်လည်းသိသည်။ ရေထမ်းနေသော ကုလားနှင့်လည်းသိသည်။ မုန့်တီဆိုင်မှ အရီးများနှင့်လည်းသိသည်။ ကျောက်တော်တစ်မြို့လုံးနှင့် သူသိနေသလိုပင်။ လှိုက်လှိုက်လှဲလှဲ ‌နှုတ်ဆက်လျက်ရှိကြသည်။

"ကဲ့ ဒီလှေနဲ့ သွားရမှာ"

စောမြတ်ညိုက ဆိပ်ကမ်းတွင်ရပ်ထားသော လှေတစ်စီးကို မေးငေါ့ပြသည်။

အချစ်စစ်ရှာပုံတော်Where stories live. Discover now