အပိုင်း(၁၆)

5 0 0
                                    


သုတမောင်မောင်သည် ကျယ်ပြန့်သော သမုဒ္ဒရာတွင်တစ်ယောက်ထဲလွင့်မျောနေသည်။

"အမေ အမေ"

သူ့နှုတ်မှခေါ်သံဟာ သူတစ်ယောက်သာကြားနိုင်ရုံမျှသာ။ သူ့လည်ပင်းတစ်ခုလုံးကိုက်ကဲနာကျင်နေသည်။ သူ့နှုတ်ခမ်းပါးတွေဟာ အအေးဒဏ်ကြောင့် လှုပ်၍မရ။ သူ့ရင်ဖက်တစ်ခုလုံးဆို့နစ်နေပါသည်။

"အမေ ဘယ်မှာလဲ"

မျက်ရည်စက်တို့ပါးပြင်ပေါ်သို့ပူနွေးစွာစီးကျလာသည်။

"သုတမောင်မောင်"

ရုတ်တရက်လှုပ်နိုးလိုက်သံကြောင့် သူ့မျက်လုံးပွင့်လာမှ ထိုကြောက်စရာအခြေအနေသည် အတိတ်ဖြစ်နေမှန်းသိရ၏။ လက်ရှိကတော့ သူဟာ ကောင်မလေးတွေဝိုင်းမြှောက်ပေးတာနဲ့ရေထဲဆင်းရာက ရေနစ်သွားခဲ့ခြင်း။ သူသေပြီလို့တွေးခဲ့သည့် အခိုက်အတန့်ကိုသတိရသော်လည်း ရေပေါ်ကိုဘယ်လိုရောက်လာလဲသူမသိတော့ပြီ။

"နိုးလာပြီပဲ စိတ်ပူလိုက်ရတာ"

စံလင်းသိန်းအပါအဝင် သူ့ကိုစောင့်ကြည့်နေကြပုံပေါ်သော လူများလည်း စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်ကြသည်။

"ကျွန်တော် သတိမေ့နေတာဘယ်လောက်ကြာသွားလဲအကို"

"တစ်ရက်ကျော်လောက်ရှိပြီ စောမြတ်‌တောင်မင်းကိုဆေးရုံပို့မလို့စီစဉ်နေပြီ"

'စောမြတ်ညို' ဤနာမည်ကိုကြားလိုက်သည်နှင့် သူ့နှလုံးခုန်သံတို့မြန်ဆန်သွားသည်။

ဘာပါလဲ။ စောမြတ်ညိုနာမည်ကြားတာနဲ့ ဘာလို့ ရှက်သလိုခံစားမိနေတာပါလဲ။

"ဟော စောမြတ်လာပြီ စောမြတ်ရဲ့ မင်းကောင်လေးက သတိရလာပြီ"

အရီးတစ်ယောက်၏လှမ်းအော်သံကြောင့် စောမြတ်ညိုထခုန်မတတ်ဝမ်းသာသွားသည်။ သို့သော် ရုတ်တရက် ရေထဲမှအဖြစ်အပျက်ကိုတွေးမိကာ စိတ်ညစ်သွားသည်။ သူသာမှတ်မိနေမယ်ဆိုရင်တော့ ဘာတွေပြောပြီး ဘယ်လိုတွေစနောက်မည်မသိ။ မျက်နှာပူလိုက်တာ။ သို့သော် သွားမကြည့်၍လည်းမဖြစ်။လူများကိုတိုးဝှေ့ကာ သုတမောင်မောင်ဆီ ခပ်ဖြည်းဖြည်းလျှောက်လာပြီး

အချစ်စစ်ရှာပုံတော်Où les histoires vivent. Découvrez maintenant