"ဘုန်း! ဘုန်း!"နားထဲစူးဝင်လာသော အသံကြောင့် သုတမောင်မောင် စိတ်ညစ်သွားသည်။ နံရံကို လက်ဖြင့် ပုတ်နေသောအသံ။ သူ့နားကို စောင်ဖြင့် ပိတ်ထားလိုက်ကာ တစ်ဖက်သို့ စောင်းအိပ်လိုက်သော်လည်း
"ဘုန်း ဘုန်း"
အသံက ဆက်တိုက်ထွက်လာသည်မို့ သူစိတ်မရှည်တော့ပဲ ထထိုင်လိုက်ကာ
"မင်း ဘာဖြစ်နေတာလဲ စောမြတ်ညို"
"ဟော နိုးပြီပေါ့။ နိုးရင် မျက်နှာမြန်မြန်သစ် အလုပ်လုပ်ရမယ်"
စောမြတ်ညိုသည် တံခါးဝတွင်မှီကာ လက်ပိုက်လျက် ရပ်နေသည်။
"ဟမ် ဘာအလုပ်လဲ"
"ခင်ဗျားတို့ကို ထမင်းကျွေးထားမယ်လို့ပဲပြောတာ အလုပ်မလုပ်ရဘူးလို့ မပြောဘူးလေ။ ခင်ဗျားတို့ကို အကြွေးဆပ်ဖို့ ကျွန်တော်ရှာရမှာဖြစ်ပေမယ့် ခင်ဗျားတို့ စားဖို့၊ နေဖို့အတွက်တော့ ခင်ဗျားတို့ အလုပ်လုပ်ရမှာပဲ။"
သေစမ်း။ အလုပ်မလုပ်ချင်သေးလို့ ဘွဲ့ရပြီတာတောင် ဘာမှမလုပ်ပဲနေခဲ့တာ။ ယခုအလုပ်ဆိုတော့ သုတမောင်မောင် ပြာသွားသည်။ ဘယ်လိုအလုပ်လဲ သူ့လို ခါးပှိုက်နှိုက်ခိုင်းမှာများလား။
ဒီစောက်ကလေးနဲ့တော့ ထောင်နန်းစံရတော့မယ်ထင်ပါရဲ့။___________________________
"ကဲ့ ဒီနေ့ကစပြီး ကျွန်တော်နဲ့ အပြင်ကိုတစ်ယောက်တစ်ရက်စီ လိုက်ရမယ်။ ကျန်တဲ့သူက အိမ်နောက်ဖက်မှာရှိတဲ့ ပန်းခင်းကို ရေလောင်း မြက်နှုတ် သန့်ရှင်းရေးလုပ်ပေးရမယ်။"
သုတမောင်မောင်နှင့် သူရိန်မျိုးထက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူရိန်မျိုးထက်ကတော့ မောင်မောင့်ကို မြန်မြန်စိတ်ပျက်စေချင်နေသူမို့ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ စောမြတ်ညိုက သုတမောင်မောင်ကို အပေါ်စီးဆန်ဆန်လေးကြည့်ကာ
"သဘောတူတယ်လို့ မှတ်လိုက်ပြီနော်"
"မျိုး အခု ဘယ်နှစ်နာရီထိုးပြီလဲ"
"ခြောက်နာရီ"
သူ ခေါင်းထဲ မှိုက်ခနဲဖြစ်သွားသည်။ ခြောက်နာရီဆိုတာ အိမ်မှာ အိပ်မက် မက်လို့ ကောင်းသည့်အချိန်။
YOU ARE READING
အချစ်စစ်ရှာပုံတော်
Romanceအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။