အပိုင်း(၄)

16 0 0
                                    


သူတို့နှစ်ယောက် ကျန်သည့်ပိုက်ဆံ ငါးထောင်နှင့် တုတ်တုတ်( သုံးဘီးပါကား) ကလေးငှါးကာ လောကနန္ဒာ ဘုရားဖက်သို့ ဦးတည်လာခဲ့ကြသည်။

"ဘုရားမှာရှိမယ်လို့ ငါတော့မထင်ပါဘူး မောင်မောင်ရာ ခါးပိုက်နှိုက်ပါဆိုမှ"

"မင်း ဘာသိလို့လဲ ခါးပိုက်နှိုက်တွေက လူများတဲ့ နေရာတွေကို သွားတတ်တာ"

"မင်း ဘယ်လိုသိတာလဲ နှိုက်ဖူးလို့လား"

"ဗမာကားတွေထဲ မြင်ဖူးတယ်လေ"

သုတမောင်မောင်က အတည်ပုံစံဖြင့် ပြောသော်လည်း သူရိန်မျိုးထက်ကတော့ ရယ်ကျဲကျဲလေးဖြစ်သွားသည်။ သို့သော် ချက်ချင်း စိတ်ပျက်သွားဟန်ဖြင့်

"သူကစစ်တွေမြို့‌ပေါ်က မဟုတ်ဘဲ စစ်တွေ နယ်‌တွေထဲက ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ။ ငါကတော့ သေသာ သေလိုက်ချင်တယ်"

မျိုး၏ ညည်းညူသံကို သူမကြား‌ယောင်ပြုထားလိုက်သည်။စောမြတ်ညိုကို သူတွေ့ရမှဖြစ်မည်။ တွေ့မည်ဟု ယုံကြည်နေသော မိမိကိုယ်ကိုလည်းသုတမောင်မောင် အံ့ဩသည်။ တွေ့လျှင်တော့ ဂုတ်ကိုဆွဲပြီး ရဲစခန်းပို့လိုက်မည်ဟု ဆုံးဖြတ်ထားသည်။

"ကဲ့ ဘယ်လိုရှာမှာလဲ"

ဘုရားပေါ်မတက်မီ လှေကား‌ရင်းတွင် မျိုး၏ အမေးစကားကြောင့် သူ စိတ်ညစ်သွားသည်။ မျက်လုံးလေးနှစ်လုံးပဲ မြင်ဖူးတဲ့သူတစ်ယောက်ကို သူဘယ်လိုရှာရမည်ကို မသိတော့ပါ။ လူတိုင်းကို မျက်လုံးလိုက်ကြည့်လို့လည်းမဖြစ်။  ဂုတ်ပိုးသွားလှန်ကြည့်၍လည်းမဖြစ်။ ရဲစခန်းရောက်တာ စောမြတ်ညိုမဟုတ်ဘဲ သူတို့နှစ်ယောက်ဖြစ်သွားနိုင်သည်။

"အာ ငါ ရှုးပေါက်ချင်လာပြီ မောင်မောင်။ ငါအိမ်သာရှာမှ ဖြစ်တော့မယ်"

"ဟမ် အရေးကြီးရင် ရှူးပေါက်ချင်လာပြန်ပြီ။ မင်းကတော့ ဆီးအိုးများကွဲသွားတာလား မျိုးရ။"

"မသိဘူးကွာ သွားပြီ"

စကားတောင်‌ ကောင်းကောင်း မပြောနိုင်တော့ပဲ သူရိန်မျိုးထက်တစ်ယောက် အိမ်သာရှာပုံတော်လုပ်ရတော့သည်။
သုတမောင်မောင် သက်ပြင်းချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှေကားပေါ်မတက်တော့ပဲ ရှေ့မှ သစ်ပင်အောက် ခုံတန်းလေးတွင် ဝင်ထိုင်နေလိုက်သည်။ စောမြတ်ညို ခွေးကောင် လေးနဲ့သာ မတွေ့ခဲ့လျှင် ခုချိန် သူ ဟိုတယ်မှာ အေးဆေး နားနေနိုင်မည်။ ခုတော့ နေပူကြီးထဲ လျှောက်သွားရတာ ခြေထောက်တွေတောင် ညောင်းကိုက်နေလေပြီ။ တစ်ညလုံးကားစီးထားရတော့ ခါးကလည်း နာကျင်နေသည်။ ဆင်းရဲခြင်းအရသာ တစ်ပိုင်းတစ်စလေလားမသိ။

အချစ်စစ်ရှာပုံတော်Where stories live. Discover now