နွေရာသီ၏ ရောင်ခြည်ပျော့ပျော့လေးနှင့်အတူ စောမြတ်ညိုနိုးလာချိန်တွင် ကားပေါ်မှာဖြစ်၏။ မနေ့က ရိုးတောင်မှ စတင်ထွက်လာသည်မှစ၍ ကားသည် မရပ်တမ်းမောင်းနေပုံပေါ်သည်။ ကားပေါ်တွင် ကားမောင်းသူမှလွဲ၍ ကျန်သည့်လူများက အိပ်နေကြဆဲ။ သူ့ပုခုံးပေါ်မှီလျက်အိပ်မောကျနေသော သုတမောင်မောင်အား ကြည့်ကာ သူသဘောကျစွာပြုံးမိသည်။ သို့သော် ပုခုံးတစ်ဖက်ကလည်း အနည်းငယ်ထုံကျင်သလိုခံစားရသောကြောင့် လှုပ်မိလိုက်ရာ သုတမောင်မောင်နိုးလာသည်။
"ဆောရီးနော် နှိုးသလိုဖြစ်သွားတယ်"
အိပ်ချင်မူးတူးဖြင့်ဖွင့်လိုက်သောမြင်ကွင်းတွင် သူ၏ ချစ်ရပါသော စောကိုတွေ့ရရာ သူ အလွန်ကြည်နူးရသည်။ အိပ်မက်ဖြစ်နေမည်စိုး၍ နိုးတောင်မနိုးဝံ့ခဲ့။ သို့သော် ယခုကား အိပ်မက်ထက်ကောင်းသည့် လက်တွေ့ပါလေတကား။
သူ စောကို ချိုသာစွာပြုံးပြကာ ပါးလေးအား တစ်ချက်အနမ်းကြွေလိုက်သည်။
"ခင်ဗျား ဘာလုပ်တာလဲ"
စောက တိုးတိုးကလေးဆိုကာ ဘေးတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော စံလင်းသိန်းအား မျက်စောင်းကလေးထိုးပြ၏။
"သူမနိုးပါဘူး စောရဲ့"
စောက လှပသော မျက်စောင်းကလေးတစ်ချက်ထိုးကာ ပြုံးနေ၏။ မနက်ခင်းသည် ချစ်သူ၏အပြုံးနှင့် သာယာလိုက်လေခြင်း။
သူတို့ကားလေးသည် ကျောက်တော်မြို့ထဲမှတစ်ဆင့် လှေဆိပ်ဆီသို့ တအိအိမောင်းနှင်လညသည်။ လှေဆိပ်ကိုဆင်းကြရာ သုတမောင်မောင်သည် ကျောက်တော်တောင်စေတီအား လှမ်းကာဖူးမြော်လိုက်၏။
"တကယ့် ရခိုင်သားဖြစ်နေပြီပဲ သုတမောင်မောင်ရ"
စံလင်းသိန်းကလှမ်းစသည်။
"ဒါပေါ့ ရခိုင်ကောင်လေးကိုချစ်မိတော့မှလည်း ရခိုင်သားဖြစ်အောင်ကြိုးစားရတော့မှာပေါ့ အကိုရာ ဟဲဟဲ"
သူ့စကားကြောင့် စောရော စံလင်းသိန်းပါ ပြုံးရယ်လိုက်ကြသည်။ ထိုစဉ် စောက တစ်ခုခုကိုတွေးမိဟန်ဖြင့်
YOU ARE READING
အချစ်စစ်ရှာပုံတော်
Romanceအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။