Episode-3

9.8K 999 112
                                    

Zawgyi Version

*ပြွတ်*

"မောင် နိုးပြီလား...?"

မနက်ခင်း‌မျက်နှာဆီကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးကိုမဖွင့်သေးဘဲ မျက်မှောင်ကျုံ့ထားမိစဉ် နဖူးပေါ်ရောက်ရှိလာတဲ့ အနမ်းတစ်ပွင့်နဲ့အတူ ကြားလာရတဲ့ ခပ်ဩဩအသံတစ်ခု...။

မျက်လုံး‌တွေကိုဆတ်ခနဲဖွင့်ကြည့်လိုက်တော့ ကိုယ်အိပ်နေတဲ့ကုတင်ဘေးကနေ ကိုယ့်ကိုအုပ်မိုးကြည့်ရင်း ပြုံးနေပါသော ကင်ထယ်ယောင်း...။
အခန်းထဲမှာလည်း သူနဲ့ကိုယ် နှစ်ယောက်တည်းသာရှိသည်...။
ညကခေါ်လာတဲ့ ကလပ်ကမိန်းကလေးလည်း ဘယ်အချိန်ကဘယ်လိုပြန်သွားသလဲမသိလိုက်...။

"မောင်က အိပ်ပုတ်ကြီးတာပဲ...၊ မနည်းနှိုးရတယ်... Company သွားမှာမလား ထယ်ပြင်ဆင်ပေးမယ်နော်..."

ညကဖြစ်သွားတဲ့ကိစ္စကို ပြဿနာလည်းမရှာ၊ ဝမ်းနည်းနေပုံ၊ ခံစားနေရပုံလည်းမပြဘဲ ဘာမှမဖြစ်ခဲ့သလို အေးအေးဆေးဆေးပင် စောင်တွေကိုခေါက်ရင်း ပြောနေသော ကင်ထယ်ယောင်း...။
ကိုယ့်မှာ ကုတင်ပေါ်ငုတ်တုတ်ထိုင်ရင်းသာ ကြောင်ကြည့်နေမိတော့သည်...။

တကယ်တော့ ညက ကလပ်ကမိန်းကလေးကိုခေါ်လာတယ်ဆိုတာ ကင်ထယ်ယောင်းကိုစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်တကာ လုပ်ခဲ့တာ...။ အခန်းထဲမှာအဲ့မိန်းကလေးနဲ့လဲအတူမအိပ်ခဲ့သလို အသားချင်းတောင်မထိခဲ့...။
ဒါကို အခု ကင်ထယ်ယောင်းဘက်က ဘာမှမဖြစ်သလိုပုံစံလုပ်နေတာက ဘာသဘောလဲ...။
ကိုယ့်ဘက်က ဘာပဲလုပ်လုပ် သူကမတုန်လှုပ်ဘူးဆိုတဲ့ သဘောလား...။

"ဟော...မောင် ကုတင်ပေါ်မှာဘာထိုင်လုပ်နေတာလဲ...? ရေသွားချိုးတော့လေ..."

"ကျစ်...! ကျုပ်ကို အိမ်ထောင်သည်အချင်းချင်းဆက်ဆံသလို လာမဆက်ဆံနဲ့...! နောက်တစ်ခါလည်း ကျုပ်အခန်းထဲ ဒီလိုမဆင်မခြင်ဝင်မလာနဲ့...! ကြားတယ်နော် ကင်ထယ်ယောင်း...!!"

ကိုယ့်ဘက်ကသာ ဒေါသထွက်ထွက်နဲ့ ပစ်ပစ်ခါခါပြောလိုက်ပေမယ့် ကင်ထယ်ယောင်းဆိုတဲ့သူကတော့ အပြုံးတောင်မပျက်....။
အဲဒါတွေကိုမုန်းတာ...၊ စတွေ့ကတည်းက အခုချိန်ထိ ကိုယ့်ဘက်ကသူ့ကို ရစရာမရှိအောင်ပြောဆိုဆက်ဆံခဲ့တာချည်းပဲ...။
ဒါပေမယ့် သူ့ဘက်ကတော့ ကိုယ့်ရဲ့ရက်ရက်စက်စက်စကားတွေဟာ သူ့ကိုပန်းနဲ့ပေါက်နေတယ်လို့များထင်နေလားမသိ၊ အမြဲတမ်း နားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ အပြုံးတစ်ခုကိုသာ ပြန်ပေးတတ်သည်...။

Tragically Beautiful [Completed]Where stories live. Discover now