Zawgyi Versionအခုထက်ထိအကြောက်မပြေသေးပုံမရသော ထယ့်ကြောင့် ကိုယ်လည်းအလုပ်တွေကို ရုံးအုပ်နဲ့သာလွှဲထားခဲ့ပြီး ထယ့်ကို ဟိုတယ်ဆီပြန်ခေါ်လာခဲ့သည်....။
"ထယ်...ဟိုတယ်ပြန်ရောက်..."
ဟိုတယ်ရှေ့ပြန်ရောက်ပြီဖြစ်လို့ ဒီဘက်လှည့်ကာပြောဖို့ပြင်လိုက်ပေမယ့် ဘေးမှာအိပ်ပျော်နေပြီဖြစ်သောထယ်...။
ငိုထားတဲ့မျက်ရည်လေးတွေက ခြောက်တောင်မခြောက်သေး...။
မျက်မှောင်လေးကျုံ့လျက်အိပ်ပျော်နေတာ အခုထိကြောက်နေသေးမှန်း သိသာလှသည်...။နှိုးလည်းမနှိုးရက်တာနဲ့ ကားပေါ်ကဆင်းကာ သူ့ဘက်ကကားတံခါးကိုဖွင့်လိုက်ပြီး ခါးပတ်ကြိုးကိုကိုယ်တိုင်ဖြုတ်ပေးလိုက်ကာ ကိုယ်လုံးလေးကိုကားထဲကနေပွေ့ချီထုတ်လာခဲ့လိုက်တော့သည်...။
ဟိုတယ်ခန်းဆီသွားရာလမ်းတစ်လျှောက် ထယ့်ကိုပွေ့ချီလာတဲ့ ကိုယ့်ကိုလူတွေက ဟိုကြည့်ဒီကြည့်နဲ့....။
အားကျတဲ့အကြည့်ဆိုရင် ပိုမှန်လိမ့်မည်ထင်ပါ၏...။အခန်းထဲရောက်တော့ ကိုယ်လုံးလေးကို ကုတင်ပေါ်အသာလေးချပေးလိုက်သည်...။
ထိုအခါမှ ခန္ဓာကိုယ်လေးကတွန့်လာရင်း နိုးလာလေ၏...။"ဟင်... မောင်ပွေ့လာတာလား...? နှိုးလိုက်တာမဟုတ်ဘူး မောင်ကလည်း...!"
"ကိုယ့်အတွက်အပန်းမကြီးပါဘူး...ထယ်ရဲ့...! ဘယ်လိုနေလဲ ကြောက်နေသေးလားဟင်...? ဒါမှမဟုတ် ဘာစားချင်တာရှိလဲ၊ ညစာမစားရသေးဘူးမလား...? ကိုယ်ဘာမှာပေးရမလဲ...?"
မေးတာတွေကိုပြန်မဖြေဘဲ ကိုယ့်ကိုပါးစပ်လေးဟလျက်ကြောင်တောင်တောင်လေးငေးကြည့်နေတဲ့ ထယ်...။
"ထယ်...! ဘာဖြစ်လို့လဲ...? ကိုယ့်ကိုဘာလို့ငေးကြည့်နေတာလဲ...?"
"ထယ်...? ကိုယ်...? အသုံးအနှုန်းတွေကထူးဆန်းနေသလိုပဲ...၊ မောင်... နေကောင်းပါတယ်နော်..."
ကိုယ့်နဖူးပေါ်ဖတ်ခနဲ ရောက်လာတဲ့ လက်လေး...။
အူလည်လည်ဖြစ်နေတဲ့ပုံစံလေးကို အသည်းယားစွာ တစ်ချက်ရယ်လိုက်ပြီး နဖူးပေါ်ကသူ့လက်ကလေးကို ယူကာဆုပ်ကိုင်လိုက်ရင်း
YOU ARE READING
Tragically Beautiful [Completed]
RomanceJeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !