Episode-14

10.8K 957 61
                                    

Zawgyi Version

ထယ်တို့မိသားစုအမွေကိစ္စ‌စကားပြောရန် အိမ်သို့ရောက်လာကြတဲ့အချိန်မှာပဲ အလုပ်အကြောင်းဖုန်းဝင်လာခဲ့သည်... ။
ဒါနဲ့ ထယ့်ကို သွားခိုင်းလိုက်ပြီး ကိုယ်ကတော့ အောက်ထပ်မှာပင် ဖုန်းပြောလျက်ကျန်ခဲ့ပေသည်...။

အလုပ်ကိစ္စနဲ့မို့ ဖုန်းပြောတာလည်းတော်တော်နဲ့မပြီးပေ...။
အချိန်အတော်ကြာ ဖုန်းပြောလို့ပြီးတော့မှ ထယ့်နောက်လိုက်သွားရန် လှေကားဆီလျှောက်လာခဲ့သည်...။
လှေကားခြေရင်းဆီရောက်လို့တက်ဖို့ပြင်နေတုန်းမှာပင် လှေကားကနေဆင်းလာသော ယူအာက ကိုယ့်ဆီတိုက်ရိုက်လဲကျလို့လာလေ၏...။

"မူးတယ်..."

ရုတ်တရက်မို့ သူ့ခန္ဓာကိုယ်ကိုထိန်းကိုင်ပေးလိုက်တော့ နားထင်ကိုဖိကိုင်လျက် မူးတယ်လို့ဆိုလာပါသော ယူအာ...။

"လာ...လာ! ဟိုဘက်ကအခန်းထဲမှာနားနေလိုက်တာကောင်းမယ်..."

လမ်းမလျှောက်နိုင်ပုံရသော သူ့ကိုယ်လုံးကို ကူတွဲပေးလာခဲ့ရင်း အောက်ထပ်ကအခန်းတစ်ခန်းဆီ ခေါ်လာခဲ့လိုက်သည်။
အထဲရောက်တော့ ခုံတစ်ခုံမှာထိုင်ခိုင်းလိုက်ပြီး ဘေးက စားပွဲပေါ်တင်ထားသော ရေဘူးထဲကရေကို ခွက်ထဲထည့်ပေးလိုက်၏...။
‌ကိုယ်‌ကမ်းပေးသော ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်လိုက်သော သူမ...။
ထို့နောက် ရင်ဘတ်ကိုဖိပြီး အသက်ပြင်းရှူရှူနေသောသူမကိုကြည့်ကာ...

"သက်သာသွားပြီလား ယူအာ...?"

ခေါင်းလေးတစ်ချက်အသာငြိမ့်ပြလေ၏...။

"အဲဒါဆို ငါသွားပြီနော်၊ ထယ်တစ်ယောက်တည်းဖြစ်နေမှာစိုးလို့..."

မြန်မြန်သာရှောင်ထွက်ရန်ပြင်လိုက်ပေသည်။
အခန်းထဲမှာ သူနဲ့ကိုယ်နှစ်ယောက်တည်းရှိတာ မတော်တဆ တစ်ယောက်ယောက်တွေ့သွားရင် မလိုလားအပ်တဲ့ အထင်လွဲမှုတွေ ဖြစ်လာနိုင်သည်မလား...။
သို့ပေမယ့်

"ကိုကိုကအခု ယူအာ့အရှေ့မှာ ကင်ထယ်ယောင်းကိုစိုးရိမ်ပြနေတာလား...?"

သူမရဲ့စကားသံကြောင့် ခြေလှမ်းတွေရပ်ပြီး နောက်လှည့်ကြည့်လိုက်ကာ

Tragically Beautiful [Completed]Where stories live. Discover now