Episode-18 (Final)

14.2K 962 69
                                    


Zawgyi Version

"ဒီစတော်ဘယ်ရီသီးတွေအကုန်လုံး ထယ်စိုက်ထားတာလား...?"

အိမ်ရှေ့က ခြံဝန်းထဲရှိ မျက်စိတစ်ဆုံးနီရဲနေပါသော စတော်ဘယ်ရီစိုက်ခင်းကြီးကိုကြည့်ပြီး မေးမိလေတော့ ...

"ဒါပေါ့...! ဘယ်လိုလဲ...? ထယ်တော်တယ်မလား...?"

သူ့မေးစေ့လေးကိုပွတ်ပြီး ဆရာကြီးပုံစံဖမ်းကာ ပြောလာလေသော ဘေးကအကောင်ပေါက်စလေးကြောင့် အသည်းယားစွာနဲ့ နှာခေါင်း‌လုံးလုံးလေးကို ဆွဲညှစ်လိုက်မိတော့သည်...။

"အသည်းယားအောင်လို့ကွာ၊ ဒီကောင်လေးကတော့...!"

ထိုအခါ သူ့နှာခေါင်းလေးကိုပွတ်ကာ မျက်နှာလေးရှုံ့လျက်

"အကြီးကိုအကြီးမှန်းမသိ၊ မလေးစားတတ်တဲ့အကျင့်က ပျောက်ကိုမပျောက်သေးဘူး ဟွန့်..."

သူ့ကို ကောင်လေးလို့ခေါ်လိုက်လို့ မကျေမနပ်လေးပြောပြီး စတော်ဘယ်ရီစိုက်ခင်းတွေဘက် ပြေးဆင်းသွားသော ထယ်...။
သူကသာ အကြီးအရမ်းဖြစ်ချင်နေတာ၊ မသိတဲ့လူကိုသွားမေးကြည့်ပါလား၊ သူနဲ့ကိုယ်ဆို သူ့ကိုအငယ်လို့ပဲထင်ကြမှာ...။
အခုလို မကျေမနပ်ဖြစ်သွားတဲ့ ပုံစံလေးကော၊ စိတ်ဆိုးနေတဲ့ပုံစံလေးကော၊ အပြုအမူလေးတွေကအစ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာ‌...။
ကိုယ့်ထက်နှစ်နှစ်ကြီးတဲ့ ကိုယ့်ရဲ့ကလေးလေး...။

"မောင်...! လာလေ...!"

စတော်ဘယ်ရီခင်းထဲကနေ လက်လေးပြပြီးလှမ်းခေါ်နေပါသော ထယ့်ကြောင့် ကိုယ်လည်း စတော်ဘယ်ရီခင်းထဲ လိုက်သွားလိုက်တော့သည်...။
စတော်ဘယ်ရီသီးလေးတွေခူးပြီး ရေဆေးနေသော ထယ့်ဘေးနားဝင်ထိုင်လိုက်လေတော့

"ရော့ စားကြည့်...!"

ထယ်ခွံ့ပေးလာသော စတော်ဘယ်ရီသီးလေးကို စားကြည့်လိုက်တော့ ချိုချဉ်ချဉ်အရသာလေးက ပါးစပ်ထဲပျော်ဝင်လို့လာသည်...။

"ဘယ်လိုလဲ...? အရသာကောင်းလား...?"

မျက်လုံးလေးပြူးလျက်မေးလာသော ထယ့်ကိုကြည့်ပြီး အကြံဆိုးလေးတစ်ချက်ဝင်လာတာနဲ့

"အရသာသိပ်မကောင်းသလိုပဲ..."

"ဟုတ်လား...? မဖြစ်နိုင်တာ၊ အရသာကောင်းကောင်းထွက်လာအောင်လို့ သေသေချာချာစိုက်ထားတာကို..."

Tragically Beautiful [Completed]Where stories live. Discover now