Zawgyi Version
"ထယ်..."
နှစ်ယောက်သားဘာစကားမှမပြောဖြစ်ကြဘဲ အိမ်ရှေ့ ကွပ်ပျစ်လေးပေါ်ထိုင်နေကြမိတာ အတော်ပင်ကြာနေပြီ...။
ထိုင်နေကြတဲ့နေရာတွေကလည်း တောင်နဲ့မြောက်လို၊ အလယ်မှာအခြားကြီးပဲ...။
ကိုယ့်ဘက်ကို မျက်နှာကိုလှည့်လို့မလာတော့တဲ့ ထယ့်ကြောင့် အနားကိုကပ်သွားကာ ဘေးနားမှာထိုင်လိုက်တော့ ဟိုဘက်ကိုဆက်တိုးသွားတဲ့ ထယ်...။
ကိုယ်ကလည်း အလျှော့မပေးဘဲ ထပ်ကာတိုးသွားပြန်တော့လည်း အကပ်မခံဘဲ ခွာသွားပြန်သည်...။ကိုယ်ကကပ်လိုက်၊ သူကဟိုဘက်တိုးသွားလိုက်နဲ့ နောက်ဆုံး နေရာမကျန်တော့မှ ကိုယ့်ဘက်လှည့်လာပြီး
"ဘယ်လိုဖြစ်နေတာလဲ...!?"
"ကိုယ်က ထယ်နဲ့စကားပြောမလို့ကို...၊ ထယ်က ကိုယ့်ကိုမှမကြည့်တာ...!"
"မင်းနဲ့ ငါ့ကြား ဘာပြောစရာရှိသေးလို့လဲ..?"
"မောင်လို့တောင်မခေါ်တော့ဘူးလား ထယ်...?"
လွမ်းနေခဲ့ရသော မျက်ဝန်းညိုညိုလေးတွေကို စိုက်ကြည့်ကာ ပြောမိတဲ့အခါ ထိုမျက်ဝန်းညိုညိုလေးတွေက လှုပ်ရှားသွားလေရဲ့...။
ဒါပေမယ့် သိပ်မကြာလိုက်၊ ကိုယ့်ကိုအကြည့်လွှဲသွားပြန်လေသည်...။"မင်းနဲ့ငါနဲ့ ကွာရှင်းပြီးပြီဆိုတာ မေ့နေပြီလား...?"
မျက်နှာကြီးကိုဟိုဘက်လှည့်ထားသော ထယ့်ကြောင့် ကွပ်ပျစ်ပေါ်မှထကာ ထိုင်နေသောသူ့အရှေ့ ဒူးထောက်ချလိုက်တော့သည်...။
ထို့နောက် လက်သွယ်သွယ်ကလေးတွေကိုဆုပ်ကိုင်လျက်..."အခုထိ ကိုယ်က ထယ့်ရဲ့တစ်ဦးတည်းသော သက်ဆိုင်သူဖြစ်နေတုန်းပဲနော်...! ကိုယ်လည်းထယ့်ကို ပိုင်သလို၊ ကိုယ်လည်းထယ့်ကိုပိုင်တယ်..."
ထိုအခါမှ မျက်ဝန်းညိုညိုလေးတွေက ဝိုင်းစက်စွာပြန်လှည့်ကြည့်လို့လာပြီး...
"အဲဒါက ဘာအဓိပ္ပာယ်လဲ...? ငါမင်းကို ကွာရှင်းစာချုပ်ပို့ပေးခဲ့ပြီးပြီလေ..."
"အဲ့ဒီ့ကွာရှင်းစာချုပ်က အခုအစအနတောင်ရှာမရတော့ဘူး...၊ ကိုယ့်ဖြဲလိုက်လို့ တစ်စစီပြဲသွားပြီ...! အဲဒါကြောင့် ထယ်နဲ့ကိုယ်နဲ့က အခုထိ လက်ထပ်ထားကြတဲ့ အိမ်ထောင်သည်တွေပဲ...၊ ရှင်းပြီလား ကိုယ့်ယောက်ျားလေး..."
YOU ARE READING
Tragically Beautiful [Completed]
RomanceJeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !