Zawgyi Version
"ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် ယူအာ.."
နှစ်ယောက်သားပွဲကနေ ကားမောင်းထွက်လာကြပြီးနောက် လမ်းတစ်နေရာမှာ ကားရပ်ပြီး စကားပြောနေကြခြင်းပင်...။
တိတ်ဆိတ်နေတဲ့ကိုယ်တို့နှစ်ယောက်ကြားက လေထုကို ကိုယ့်ဘက်ကစတင်ဖြိုခွင်းလိုက်လေတော့ ယူအာက တစ်ချက်ပြုံးသည်...။ညဘက် တံတားဘေးဖြတ်တိုက်လာတဲ့ လေကြောင့် ယူအာ့ဆံပင်တွေဟာ လေထဲတလွင့်လွင့်...။
တံတားပေါ်ရှိမီးတိုင်တွေရဲ့အလင်းရောင်အောက်မြင်နေရတဲ့ ယူအာ့မျက်နှာလေးဟာ တကယ်ပင်ချောမောလှပပါ၏...။
ထိုအလှကြား မနစ်မျောခဲ့ပေမယ့်လို့ ညီမလေးတစ်ယောက်လို အစကတည်းကသဘောထားခဲ့သူမို့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက်အားနာရပါသည်...။
သူက ကိုယ့်ကိုတကယ်ချစ်ခဲ့တာမလား...။ကိုယ်ချစ်တဲ့သူနဲ့ ငယ်ငယ်လေးကတည်းကအတူကြီးပြင်းလာခဲ့တဲ့ အစ်ကိုဆိုတဲ့သူက လက်ထပ်သွားတော့ ယူအာ တော်တော်စိတ်ထိခိုက်နေရှာမှာ...။
"ကိုကို သူ့ကိုချစ်လား...?"
"ဟင်..."
ရုတ်တရက်ကြီးမေးလာတဲ့ ယူအာ့ရဲ့စကားကြောင့် ကြောင်အလို့သွားမိသည်...။
တကယ်ဆို မချစ်ပါဘူး၊ အရမ်းမုန်းတာလို့ ချက်ချင်းပြန်ဖြေရမှာဆိုပေမယ့် ဘာလို့များတွေဝေမိသွားရတာပါလိမ့်...။"မ..မချစ်ပါဘူး ယူအာရဲ့..."
"အဟက်... ကိုကို တွေဝေနေခဲ့တယ်...၊ ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး...."
"မဟုတ်ပါဘူး၊ ယူအာကရုတ်တရက်ကြီးမေးလိုက်လို့ပါ..."
"ဒါဆို ယူအာ့ဆီပြန်လာခဲ့ ကိုကို...!"
"ယူအာ...! မင်းဘာစကားတွေပြောနေတာလဲ...!?"
"ဟုတ်တယ်လေ...! ကိုကိုမှသူ့ကိုမချစ်တာ...! အဲ့တော့ သူ့ကိုကွာရှင်းပြီး ယူအာ့ဆီပြန်လာခဲ့...! ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် ကွာရှင်းလို့မရသေးဘူးဆိုရင်လည်း ကိုကိုနဲ့ယူအာအရင်ကလိုပဲ..."
"တော်တော့ ယူအာ...! အဲ့အကြောင်းထပ်မပြောနဲ့တော့...! မင်းအခုဘာပြောနေတာလဲဆိုတာ ကိုယ့်ကိုကိုယ်ကော သိရဲ့လား...!?"
YOU ARE READING
Tragically Beautiful [Completed]
RomanceJeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !