Zawgyi Version
သူ့ကိုယ်လုံးလေးကိုပွေ့ချီလာခဲ့ရင်း ဟိုတယ်ခန်းထဲရောက်လေတော့ ကုတင်ပေါ် တင်ပေးလိုက်သည်...။
"အင်း.."
ဖိနပ်နဲ့အပေါ်ထပ်အင်္ကျီကိုချွတ်ပေးလိုက်ပြီး စောင်လေးခြုံပေးလိုက်တော့ ကိုယ့်ကိုဖက်လုံးများထင်သွားလားမသိ၊ လက်ကိုဆွဲယူကာ ကုတင်ပေါ်အတင်းဆွဲချကာ ခြေတွေရောလက်တွေနဲ့ပါ ခွထားလေရဲ့...။
လည်ပင်းတစ်ဝိုက်ဖက်ထားတဲ့ သူ့လက်လေးတွေကို ဖြည်းဖြည်းချင်းဖယ်ပေမယ့်လည်းမရ၊ အောက်ကခွထားတဲ့ ခြေထောက်တွေကြောင့်လည်းလှုပ်လို့မရ...။
လှုပ်မိလိုက်ပြန်ရင်လည်း နိုးသွားစိုးနဲ့ မတတ်နိုင်တော့တဲ့အဆုံး ဒီကုတင်ပေါ်မှာပဲအိပ်ရန်ဆုံးဖြတ်လိုက်ရတော့သည်...။ထိုအခါ ဘေးကခေါင်းလုံးလုံးလေးက ကိုယ့်လည်ပင်းနားတိုးဝှေ့လာလေတော့ တစ်ချက်ပြုံးလိုက်မိရင်း တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်လိုက်သည်...။
အမယ် ကိုယ်တော်ချောလေးကလည်း ကိုယ့်ခါးကိုပြန်ဖက်သေးတာ...။
အအိပ်ပုတ်လေး၊ ဒီလောက်လှုပ်နေတာတောင်နိုးမလာဘူး...။ရင်ခွင်ထဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော သူလေးကိုကြည့်ပြီး မျက်နှာလေးအနှံ့လက်ညိုးလေးက အလည်သွားမိသည်...။
မဲမှောင်ဖြောင့်တန်းလှသော မျက်ခုံးနှစ်ဖက်...။
မှိတ်ထားသော မျက်ခွံတွေ၌ လှပစွာအနားသတ်ထားသော မျက်တောင်ရှည်ရှည်လေးတွေ...။
ဖြောင့်စင်းနေတဲ့နှာတံလေးရဲ့အဆုံးမှာတော့ မှဲ့နက်ကလေးတစ်လုံး...။
လေးထောင့်ဆန်ဆန်အပြုံးလေးတွေ ဖန်ဆင်းတတ်တဲ့ ကကြီးပုံသဏ္ဍာန်နှုတ်ခမ်းလေးကလည်း နီရဲရဲ...။မျက်နှာလေးပေါ်ရှိ အစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ထိတွေ့ကြည့်နေမိရင်း အရူးကြီးတစ်ယောက်လို ပြုံးနေမိတဲ့ကိုယ်ပါလေ...။
သူကတော့ အိပ်နေလိုက်တာများသိုးလို့...။
နှာခေါင်းလုံးလုံးလေးဆီ အနမ်းဖွဖွပေးလိုက်ရင်း"အိပ်မက်လှလှမက်ပါစေ မောင့်ရဲ့ကောင်လေး..."
ကိုယ့်ကို koala လေးတစ်ကောင်လိုတွယ်ကပ်နေသော သူ့ကိုယ်လုံးလေးကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ရင်း ကိုယ်လည်းအိပ်မက်ကမ္ဘာဆီသို့...။
YOU ARE READING
Tragically Beautiful [Completed]
RomanceJeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !