Episode-17

11K 913 50
                                    

Zawgyi Version

"ထယ်... အခန်းထဲမှာအတူတူအိပ်ရအောင်လေ နော်..."

"မအိပ်ပါဘူး...! ကုတင်ကကျဉ်းကျဉ်းလေး၊ အပြင်ထွက်အိပ်...!"

ဖက်ပြီးမအိပ်ရတာကြာပြီဖြစ်တဲ့ ထယ့်ကိုယ်လုံးလေးကို ဒီညတော့ရင်ခွင်ထဲထည့်ကာအားရပါးရဖက်ပြီးအိပ်မယ်လို့ တွေးထားတဲ့ ကိုယ့်အတွေးတွေနဲ့တခြားစီ အခုတော့ အခန်းထဲခြေတစ်လှမ်းတောင်မဝင်ရဘဲ နေနေရတဲ့ ကိုယ့်ဘဝ...။
အခန်းဝမှာတင်ရပ်နေရပြီး မျက်နှာငယ်လေးနဲ့အသနားခံနေပါသော်လည်း အရှေ့ကနေ ခါးထောက်ကာ ကြည့်နေတဲ့ ထယ်က ကိုယ့်ကိုတစ်စက်ကလေးမှ သနားပုံမပေါ်...။

"ထယ်က ရက်စက်လိုက်တာ...!"

"ဘာရက်စက်လို့လဲ...? ခေါင်းအုံးကော စောင်ကော အကုန်ပေးထားတယ်လေ..."

ကိုယ့်လက်ထဲ ပိုက်ထားသော စောင်နဲ့ခေါင်းအုံးကို မျက်စပစ်ပြီးပြောလာတဲ့ ထယ်...။
လိုနေတာ စောင်နဲ့ခေါင်းအုံးမဟုတ်ဘဲ၊ မျက်စိရှေ့က ဒင်းလေးကို ဆိုတာ သိလျက်သားနဲ့မသိချင်ယောင်ဆောင်နေတဲ့ ကင်ထယ်ယောင်းလေးပါလေ...။
သူ့စကားကြောင့် ကိုယ်မကျေမနပ်နှုတ်ခမ်းဆူမိတော့ ထယ်က လူယုတ်မာပြုံးလေးပြုံးလျက် တံခါးကို ဖြည်းဖြည်းချင်းဆွဲပြီး

"ကောင်းကောင်းအိပ်နော် ဂျွန်ဂျောင်ကု...!"

*ဂျိန်း*

ဂျွန်ဂျောင်ကုလို့ခေါ်ပြီးပြီးချင်း လျှာထုတ်ပြောင်ပြပြီး တံခါးကိုချက်ချင်းပိတ်သွားတဲ့ ထယ်...။
တစ်ညနေလုံး မောင်လို့မခေါ်ရင် အပြစ်ပေးတယ်ဆိုပြီး ကိုယ်ကလိုက်နမ်းနေလို့ အခုသူက ပြန်အရွဲ့တိုက်သွားတာပဲဖြစ်ရမည်...။
အဟင်း...နေနှင့်ဦးပေါ့ကွာ..! ကိုယ့်အလှည့်ရောက်ရင်သာ မင်းလေး ဒီလိုလျှာထုတ်ပြောင်ပြနိုင်မလားကြည့်ကြသေးတာပေါ့...။
မှတ်လောက်သားလောက်ဖြစ်အောင်ကို နမ်းပစ်ဦးမယ်...။

ပိတ်သွားပြီဖြစ်သောတံခါးကိုကြည့်ရင်း စိတ်ထဲကနေ ကြိမ်းပြီးသည့်နောက် ဧည့်ခန်း‌ဆီကိုသာထွက်လာလိုက်တော့သည်...။
နှစ်ယောက်ထိုင်ဆိုဖာအသေးစားလေးအပေါ် ခေါင်းအုံးကိုချလိုက်ကာ ဝင်လှဲလိုက်တော့ ခြေထောက်က ဆိုဖာထက်တောင်ကျော်နေသေး...။

Tragically Beautiful [Completed]Where stories live. Discover now