Episode-7

11.7K 1K 72
                                    

Zawgyi Version

"သွားလို့မရဘူးလေ...၊ ခင်ဗျား နေမှမကောင်းသေးတာ...!"

"နေကောင်းနေပါပြီ၊ ဆရာဝန်တောင် ဒီနေ့ဆေးရုံဆင်းလို့ရပြီလို့ ပြောနေတဲ့ဟာကို...!"

"ဆေးရုံဆင်းပြီးအိမ်မှာနားရမှာလေ၊ ဘယ်လိုဖြစ်လို့ အပြင်သွားမယ်တကဲကဲလုပ်နေရတာလဲ...?"

"သွားဖို့လိုအပ်လို့ပေါ့...!"

တစ်ယောက်တစ်ပေါက်နဲ့ ဖြစ်နေကြသောကိုယ်တို့နှစ်ယောက်ရဲ့ စကားဝိုင်း...။
ဆေးရုံက ဒီနေ့ပဲဆင်းမှာကို ဆင်းဆင်းချင်းအပြင်သွားမယ်ဆိုပြီး နှုတ်ခမ်းတထော်ထော်နဲ့ ဂျစ်ကျနေသော ကင်ထယ်ယောင်းကြောင့်ပင်...။
ခန္ဓာကိုယ်လေးကဖြင့် ဆေးရုံဝတ်စုံကြားထဲ ပိန်ပိန်ပါးပါးလေးနဲ့ကို...။

စကားနားမထောင်လို့ ခပ်စိမ်းစိမ်းလေးကြည့်ပေးလိုက်တော့ ခေါင်းလေးငုံ့သွားပြီး နှုတ်ခမ်းဆူထားလေရဲ့...။
ကလေးဆန်သောအဲဒီ့အပြုအမူလေးကြောင့် ကိုယ်ပြုံးမိသွားလားမပြောတတ်...။
ကင်ထယ်ယောင်းလိုလူမှာ ဒီလိုကလေးဆန်ဆန်အပြုအမူတွေရှိသားပဲ...။

"မောင် လိုက်မပို့ချင်ရင်လည်းရပါတယ်၊ ထယ့်ဘာသာထယ် သွားပါ့မယ်..."

လေသံတိုးတိုးလေးနဲ့ပြောလာလေတော့ ကိုယ်ပဲစိတ်လျှော့လိုက်ရတော့ပေသည်...။

"ဘယ်သူကလိုက်မပို့ပေးဘူးပြောလို့လဲ...?"

"ဒါဆို... မောင်လိုက်လို့ပေးမှာလားဟင်...?"

"နေကောင်းခါစမို့ အလျှော့ပေးလိုက်တာနော်၊ ဂျစ်ကျနေတာကို နားညည်းလွန်းလို့..."

"အဟီး... ကျေးဇူးပါပဲ မောင်...! အဲဒါကြောင့် မောင့်ကိုချစ်နေရတာ..."

အလိုကျသွားတော့ ကော့တက်လာတဲ့နှုတ်ခမ်းပါးလေးတွေက လေးထောင့်ဆန်ဆန်အပြုံးလေးတွေကို ဖော်ဆောင်သည်...။
အမြဲတမ်း ခံစားချက်မဲ့နေတတ်သော မျက်ဝန်းညိုညိုလေးတွေက အခုတော့ကြယ်ကလေးတွေအလား တလက်လက်နဲ့...။
တစ်ခါမှမတွေ့ခဲ့ဖူးသော ထိုလေးထောင့်ဆန်တဲ့အပြုံးလေးတွေကို ကိုယ်မျက်တောင်မခတ်တမ်းငေးကြည့်လိုက်မိသည်...။
ချစ်ဖို့ကောင်းပါလျက်နဲ့ ဘာလို့များခက်ထန်မှုတွေနဲ့ ဖုံးအုပ်ထားရတာလဲ ခင်ဗျားရယ်...။

Tragically Beautiful [Completed]Where stories live. Discover now