Episode-11

10.3K 948 60
                                    

Zawgyi Version

"ဝန်ထမ်းတွေအားလုံး အလုပ်ဆင်းသွားပြီလား အတွင်းရေးမှူး...?"

"ဟုတ်ကဲ့..."

"အဲဒါဆို အတွင်းရေးမှူးလည်းရုံးဆင်းလိုက်တော့လေ၊ အိမ်သူသက်ထားစောင့်နေဦးမယ်..."

"ဟား ဟား...၊ CEO  ကတော့နောက်နေပါပြီ၊ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်၊.."

"ဟုတ်ကဲ့ပါ..."

အတွင်းရေးမှူးရုံးခန်းထဲက ထွက်သွားတာနဲ့ ကိုယ်လည်း ရုံးဆင်းရန်ပြင်ရတော့သည်...။
လက်မှာပတ်ထားသောနာရီကို တစ်ချက်ကြည့်လိုက်မိတော့ ညနေ ငါးနာရီထိုးဖို့ ဆယ်မိနစ်...။
ဒီအချိန်လောက်ဆို မောင်ရုံးဆင်းသေးမှာမဟုတ်ဘူး...။
အိမ်လည်းမပြန်ချင်တာနဲ့ မောင့်ရုံးကိုလိုက်သွားရန်စဉ်းစားလိုက်သည်...။

အပြန် ညစာလေးအတူဝင်စားပြီး ညဘက် ဟန်မြစ်မှာလက်ချင်းတွဲရင်း လမ်းလျှောက်မယ်ဆိုတဲ့ အတွေးလေးနဲ့...။
ဖုန်းဆက်မယ်ဆိုပြီး ထုတ်ကြည့်လိုက်တော့ ဖုန်းကအားမရှိတော့...။
ထားပါတော့လေ၊ ဖုန်းမဆက်တော့ မောင်ပိုပြီး စပရိုက်ဖြစ်သွားတာပေါ့...။
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိရင်း ကိုယ့်ကားရဲ့ဦးတည်ရာက မောင့် Company ဆီသို့...။

မောင့် Company ရှေ့ကားလေးထိုးရပ်လိုက်ပြီး အဆောက်အဦးထဲ ဝင်လာလိုက်သည်...။
မောင့်ရုံးခန်းနားမှာ ဝန်ထမ်းကောင်မလေးတွေရဲ့ထိုင်ခုံရှိသည်မို့ မောင်အခန်းထဲမှာရှိ၊ မရှိ မေးကြည့်ဖို့ ပြင်မိရုံရှိသေး ထိုကောင်မလေးတွေပြောနေကြတဲ့စကားကြောင့် တိုင်အကွယ်မှာရပ်လိုက်ရင်း နားထောင်နေမိလိုက်တော့...

"အစ်မယူအာက ချောလည်းချော၊ အရည်အချင်းလည်းရှိရဲ့သားနဲ့၊ CEO က ဘာလို့များ မယူလဲမသိဘူး...၊ ပြီးတော့ ယူတဲ့သူကိုလည်းကြည့်ဦး! အစ်မယူအာရဲ့အစ်ကိုတဲ့...! CEO က မမိုက်ပါဘူးဟာ...!"

"ဟဲ့ နင်မသိဘူးလား...!? CEO က မယူချင်တာမဟုတ်ဘူး၊ အခုလက်ရှိ CEO ရဲ့ယောက်ျားက CEO ကို အတင်းသူ့အပိုင်ဖြစ်အောင်လုပ်ထားတာလေ...!"

"ဟုတ်လို့လား နင်ကလည်း...ငါတော့အဲ့သတင်းမကြားမိပါဘူး...!"

"ဘယ်ကြားမိမလဲ...!? နှစ်ဖက်မိသားစုက သတင်းတွေပေါက်ကြားပြီးအရှက်ကွဲမှာစိုးလို့ ပိတ်ထားတာလေ...! ငါတောင်အတွင်းလူတစ်ယောက်က ပြောလို့သိတာ...!"

Tragically Beautiful [Completed]Where stories live. Discover now