Episode-8

11.7K 1K 69
                                    

Zawgyi Version

ဒယ်ဂူက ပြန်လာပြီးတဲ့နေ့ကတည်းက တစ်ယောက်နဲ့ တစ်ယောက်စကားတောင်မပြောဖြစ်ကြတော့တဲ့ ကိုယ်တို့နှစ်ယောက်...။
ရှင်းရှင်းပြောရရင် အကြင်နာပေးပြီးကတည်းကတစ်ယောက်မျက်နှာတစ်ယောက်တွေ့ရင် ရှက်နေမိတာ...။
သူများသာကြားရင် ရယ်စရာများဖြစ်နေမလားမသိ၊ လက်ထပ်ပြီးခါမှ အနမ်းလေးတစ်ပွင့်ကြောင့်ရှက်နေကြတဲ့ ကိုယ်တို့ရဲ့အဖြစ်ကို...။

အခုလည်း ထမင်းစားစားပွဲမှာနှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ရင်း စကားတစ်ခွန်းမှမပြောဖြစ်ကြ...။
မျက်လုံးလေးကို မခို့တရို့လှန်ကြည့်လိုက်၊ အကြည့်ချင်းဆုံသွားမိရင် ချက်ချင်းတခြားကိုအကြည့်လွှဲလိုက်နဲ့ အလုပ်ရှုပ်နေကြသော ကိုယ်တို့နှစ်ယောက်ပါလေ...။

"အဟမ်း...၊ ဒီနေ့ ခင်ဗျားCompany သွားမှာလား...?"

တိတ်ဆိတ်နေစဉ် ထွက်လာသော ကိုယ့်ရဲ့စကားသံသဲ့သဲ့...။
မပြောမဆို သွားနမ်းမိခဲ့တာ ကိုယ်မို့လို့ ကိုယ်ကပဲ ဒီတိတ်ဆိတ်မှုကြီးကိုဖြိုခွင်းရတော့မှာပေါ့...။
ကိုယ်လည်း ဘယ်လိုဖြစ်ပြီး ကောက်ကာငင်ကာသွားနမ်းမိလိုက်လည်း မသိပါဘူး...။
ပြန်တွေးမိတိုင်း ကိုယ့်ခေါင်းကိုယ်သာခေါက်ချင်တော့တယ်...။

"ဟန်..အင်း... ဒီနေ့ Company သွားမှာ..."

"အင်း.."

ဒီလိုနဲ့ ပြန်တိတ်ဆိတ်သွားပါသော စကားဝိုင်း။
ပြောစရာစကားရှာမရဖြစ်နေတော့ နှစ်ယောက်သား မနက်စာကိုပဲသည်းကြီးမည်းကြီးငုံ့စားနေမိတော့သည်။
သေချာတွေးကြည့်ရင် ဒါ ကိုယ်တို့နှစ်ယောက်အတူတူစားဖူးတဲ့ ပထမဆုံးမနက်စာပဲ...။

အပ်ကျသံကြားရလောက်အောင်တိတ်ဆိတ်နေမိတဲ့ နှစ်ယောက်သားရဲ့လေထုကြား ထွက်ပေါ်လာသော ဖုန်းသံ...။
စားပွဲပေါ်တင်ထားသော ထယ်ယောင်းရဲ့ဖုန်းမှဖြစ်သည်...။
ခေါ်ဆိုသူနာမည်ကိုကြည့်လိုက်တော့ ဥက္ကဌကြီးရဲ့အတွင်းရေးမှူး...။
ထိုနာမည်ကိုမြင်လိုက်တာနဲ့ ထယ်ယောင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဘာကိစ္စများရှိလို့လဲ အတွင်းရေးမှူးလီ...?"

"ဒီနှစ်က ဥက္ကဌကြီးရဲ့ Company အနှစ်သုံးဆယ်ပြည့်တဲ့နေ့လေ...။ အဲဒါ မနက်ဖြန် ညစာစားပွဲလုပ်မှာမို့လို့ အစ်ကိုလေးကိုဖိတ်ခိုင်းလိုက်လို့ပါ..."

Tragically Beautiful [Completed]Where stories live. Discover now