Episode-5

10.8K 1K 86
                                    

Zawgyi Version

တဖွဲဖွဲရွာနေသော မိုးရေစက်တွေက ကားမှန်ပေါ် တစ်စက်ချင်းစီးကျလျက်...။
ညနေစောင်း ရုံးဆင်းချိန်မို့ ကားလမ်းထက် အိမ်ပြန်နေကြသော ကားတွေ၊ လူတွေလည်းအများအပြားပေ...။
မီးပွိုင့်က မီးနီနေတာမို့ ကားရပ်ကာစောင့်နေရင်း ဘာရယ်မဟုတ် ဘေးပတ်ဝန်းကျင်ဆီအကြည့်ပို့မိတော့ ကားလမ်းဘေးက ပလက်ဖောင်းပေါ်လမ်းလျှောက်နေကြတဲ့ စုံတွဲလေးတစ်တွဲ...။

မိုးရေစက်တွေအောက် ထီးလေးတစ်ချောင်းကိုအတူဆောင်းရင်း ပြုံးပျော်နေကြပုံက အဝေးကကြည့်နေတဲ့ကိုယ့်ဆီတောင် အပျော်တွေကူးစက်စေသည်...။
အားကျစိတ်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်ပေါ့...။
အဲ့ဒီ့စုံတွဲလေးနေရာမှာ ကိုယ်နဲ့မောင်သာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတဲ့ အားကျစိတ်လေး...။

ထိုစုံတွဲလေးမြင်ကွင်းထဲကပျောက်သွားတဲ့အထိလိုက်ကြည့်ရင်း ဟက်ခနဲတစ်ချက်ရယ်ချလိုက်ပါတော့သည်...။
ဘယ်လိုရူးကြောင်ကြောင်အတွေးမျိုးတွေတွေးနေတာလဲ ကင်ထယ်ယောင်းရယ်...။
မောင်ဆိုတာ ကိုယ့်ကိုရွံမုန်းနေတဲ့၊ ကွာရှင်းချင်နေတဲ့သူလေ...။
ဒီလိုအတူတူပျော်ရွှင်နိုင်ဖို့ဆိုတာ ဖြစ်လာနိုင်မယ်မထင်ပါဘူး...။

ကိုယ့်အဖြစ်ကိုယ်ခေါင်းတစ်ချက်ခါလိုက်ရင်း အတွေးတွေကိုမောင်းထုတ်လိုက်တော့သည်...။
မီးပွိုင့်လည်းစိမ်းနေပြီမို့ ကားကိုမောင်းထွက်လာခဲ့တော့သည်...။
အပြန်လမ်းမှာပိုပိုပြီးသည်းလာတဲ့ မိုးက တိတ်မည့်အရိပ်အယောင်တစ်စက်ကလေးမှမပြ...။

ခြံထဲကားကိုမောင်းဝင်လာခဲ့ပြီးနောက် အိမ်ရှေ့မှာဘဲရပ်လိုက်ပြီး ကားသော့ကိုလက်ကကိုင်ကာ အမြန်ဘဲအိမ်ထဲပြေးဝင်လာလိုက်တော့...

"ဟင်...မောင်...?"

အိမ်ရှေ့မှာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်၍ ရပ်နေသည့်မောင်...။

"ကွာရှင်းပေး....!"

"ဒီကိစ္စ မောင့်ကို ပြောပြီးသားလေ၊ ကွာရှင်းမပေးနိုင်ဘူးလို့...!"

တကယ်တော့ ဟိုတစ်နေ့က ကိစ္စနဲ့ Company ကပြန်ရောက်ရောက်ချင်း အိမ်မှာ မောင်နဲ့ကိုယ် ပြဿနာထပ်တက်ကြပါသေးသည်...။
‌ထိုနေ့ကစပြီး မောင်က 'ကွာရှင်းပေး' ဆိုတဲ့စကားကို တစ်နေ့အခါတစ်ရာလောက်ပြောနေခဲ့တာ...။
အဲ့စကားကို တစ်ခါကြားတိုင်း ကိုယ့်ရင်တွေဘယ်လောက်နာရလဲဆိုတာ မောင်မှမသိဘဲ...။

Tragically Beautiful [Completed]Where stories live. Discover now