Episode-6

11.5K 1K 87
                                    

Zawgyi Version

တဒုန်းဒုန်းနဲ့မြည်နေသော စတိုခန်းတံခါးကို တစ်ချက်သာကြည့်ပြီး တုန်ယင်စွာ ကိုယ့်ကိုအော်ခေါ်နေသော ကင်ထယ်ယောင်းရဲ့အော်သံကို ဥပေက္ခာပြုလျက် စက်ရုံဟောင်းထဲကနေ ခြေလှမ်းမှန်မှန်ဖြင့် ထွက်လာခဲ့သည်...။
ဒါပေမယ့် ထိုခြေလှမ်းတွေက ထူးဆန်းစွာလေးပင်နေလေရဲ့...။

ကားပေါ်တက်ကာစက်နှိုးပြီးသည်အထိ စမထွက်နိုင်သေးဘဲ စတီယာတိုင်ကိုသာဆုပ်ကိုင်ထားမိတုန်း...။
ဘာလို့များတွေဝေနေရတာလဲ...၊ မဟုတ်မှလွဲရော 'ထယ် အမှောင်ကြောက်တတ်လို့ပါ' ဆိုတဲ့ တုန်တုန်ယင်ယင်ပြောလာသော သူ့စကားကြောင့်များလား...။
ဟင့်အင်း မဖြစ်နိုင်တာ...၊ ကင်ထယ်ယောင်းလိုလူမျိုးရဲ့ပါးစပ်ကထွက်တဲ့စကားကို အမှန်ဖြစ်လိမ့်မယ်လို့ထင်နေတာလား ဂျွန်ဂျောင်ကု...။
ခေါင်းကိုတစ်ချက်ခါလိုက်ရင်း ထိုစက်ရုံဆီကနေ ကားမောင်းထွက်လာခဲ့တော့သည်...။

ကားမောင်းနေတဲ့တောက်လျှောက် ရှေ့ကလမ်းကိုအာရုံမစိုက်နိုင်ဘဲ ကင်ထယ်ယောင်းပြောခဲ့တဲ့စကားကိုသာ ခဏခဏကြားယောင်နေမိတာ...။
ညနေနေဝင်ချိန်ကျော်လွန်လာပြီဖြစ်လို့ အ‌လင်းရောင်သဲ့သဲ့သာရှိတော့တဲ့ ပတ်ဝန်းကျင်အနေအထား...။
ဒီလိုအချိန်ဆို ပြတင်းပေါက်သေးသေးလေးတစ်ပေါက်တည်းသာရှိတဲ့ အဲ့ဒီ့စတိုခန်းက ဘာမှမမြင်ရလောက်အောင် မှောင်မည်းနေမှာ အသေအချာ...။

မစဉ်းစားချင်လည်း ခဏခဏ စဉ်းစားမိနေတဲ့ သူ့အကြောင်းတွေ...။
စဉ်းစားလိုက်တိုင်းလည်း ဘာကြောင့်ရယ်မသိ၊ စိုးရိမ်ပူပန်စိတ်လေးက ကပ်ပါလာလေရာ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျစွာနဲ့ စုပ်တစ်ချက်သက်လိုက်မိတော့သည်...။

နောက်ဆုံး  ကြောက်ရွံ့နေပုံရသော မျက်ဝန်းညိုညိုတွေကို မြင်ယောင်မိသောအခါတွင်တော့ ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ ကားကို ဂငယ်ကွေ့ ကွေ့ချလာခဲ့ရင်း အရှိန်အမြင့်ဆုံးနဲ့မောင်းလာခဲ့သော ကိုယ့်ကားရဲ့ဦးတည်ရာက စက်ရုံဟောင်းဆီ...။

ကျွီခနဲမြည်လာသော ဘရိတ်အုပ်သံသည် စက်ရုံဟောင်းရှေ့ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက်မှာတော့ ကားပေါ်က အလျင်အမြန်ဆင်းရင်း စတိုခန်းရှိရာဆီ ပြေးလာမိတဲ့ ခြေထောက်တွေ...။
အရင်ကလို တံခါးကိုထုရိုက်သံတွေမကြားရတော့ဘဲ တိတ်ဆိတ်နေတဲ့ စတိုခန်းကြောင့် စိုးရိမ်စိတ်တွေက မြင့်တက်လို့လာခဲ့ရင်း စတိုခန်းတံခါးကိုအမြန်ဆွဲဖွင့်လိုက်တော့သည်....။

Tragically Beautiful [Completed]Where stories live. Discover now