The Love

3.9K 57 1
                                    


.
.
.
.
.
.
.
.

( Uni )

လွန်ခဲ့သော 17နှစ်

2022 January 31st ( ဆုံတွေ့ခြင်း)

အေးစက်တဲ့ခံစားမှု...

ညဥ့်နက်လာတာနဲ့အမျှ တဖြည်းဖြည်း
လျော့ကျလာနေတဲ့အပူချိန်ကြောင့်
အချိန်အတော်ကြာ မခံစားတတ်ခဲ့တဲ့
ကြောက်ရွံ့မှုကငါ့ရဲ့စိတ်ကိုလွှမ်းမိုး
နေခဲ့တယ်.......

လရောင်မှိန်မှိန်ကပတ်ဝန်းကျင်ကို
မြင်နိုင်သေးပေမယ့် ခပ်ဖြည်းဖြည်း
ကျနေတဲ့နှင်းရည်စက်တွေဆီကလာတဲ့
အအေးဓာတ်ဟာပိုပိုတိုးလာပြီး ငါ့ရဲ့
ခြေလှမ်းတွေကိုနှေးကွေးလာ‌စေတယ်.....

မဝေးတဲ့ဟိုးတနေရာကနေ ငါ့ကိုလိုက်ရှာ
နေတဲ့သူတွေရဲ့ခြေသံတွေက တဖြည်းဖြည်းချင်း နီးကပ်လာနေတာကိုခံစားရတယ်.....

ငါ့ကိုသတ်ဖို့လာနေကြတဲ့လူတွေ.........

နောက်ဆုံးတော့.......

ငါလည်း ငါ့ကိုကယ်တင်ခဲ့ကြတဲ့
လူတွေလို သေရတော့မှာလား.....

'' xီးပဲဲ.....''

မမျှတတဲ့အလစ်ဝင်တိုက်ခိုက်မှုကြောင့်
ငါ့အသက်လည်းပေးရတော့မှာဖြစ်တာမို့
ခံပြင်းစွာပဲဆဲရေးမိတယ်။

ရှပ်...ရှပ်...ရှပ်...

'' တွေ့အောင်ရှာကြ....သူသေမှငါတို့လည်း
အသက်ရှင်မှာ ''

သေဆုံးခြင်းကငါ့အနားကိုတဖြည်း
ဖြည်း...နီးကပ်လာနေတာကိုသိပေမယ့်
ငါရဲ့ခြေလှမ်းတွေကလည်း အရမ်းကို
နှေးနှေးလာနေတယ်။

'' တကယ်ပဲ...သေရတော့မှာလား
ငါအရမ်းကိုငယ်သေးတာကို..........''

လွန်ခဲ့တဲ့သုံးနှစ်...
ငယ်ငယ်ကတည်းကမိဘမဲ့ဘဝနဲ့
ကြမ်းတမ်းတဲ့လမ်းပေါ်မှာပဲ
ကြီးပြင်းလာရတဲ့ ငါဟာ နာမည်တောင်
မရှိဘဲ အနှစ်နှစ်ဆယ်လောက် ဘဝကို
ဖြတ်သန်းလာခဲ့ပြီးနောက်မှာ အရမ်းကို
တောက်ပနေတဲ့လူတစ်ယောက်နဲ့
ဆုံခဲ့တယ်။

အဲ့ဒီလူက ငါ့ကိုနာမည်လည်းပေးပြီး
နေစရာလည်းပေးပြီး ထင်ထားတာထက်
ပိုပြီးငါ့ရဲ့ဘဝကိုကယ်တင်ပေးခဲ့တဲ့
ငါရဲ့ကယ်တင်ရှင်ကြောင့် ငါဟာ
အသက်နှစ်ဆယ်အရွယ်မှာပဲ
သာမန်လူတွေရဲ့အသုံးနဲ့ဆိုလူမိုက်လို့
ခေါ်ကြတတ်ကြတဲ့အမှောင်လောကထဲကို
ခြေစုံပစ်ဝင်ခဲ့တယ်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now