Episode 19

248 5 0
                                    

Unicode
.
.
.

" ဒယ်ဒီ "

အခန်းထဲရောက်ရောက်ချင်း ခြေလှမ်း
ကျဲကျဲလှမ်းလာတော့ လက်ထိပ်ခတ်
ခံထားရတဲ့ဒယ်ဒီသည်လည်းယန်ယန့်
ကိုမြင်သည်နှင့်ချက်ချင်းအံ့ဩစွာ
ထရပ်လာသည်။

" ယန်ယန် ဘယ်လို.....အွန့် "

ပြွတ်....ပြွတ်......

စက္ကန့်လက်တံနှစ်ပတ်လည်ပြီးသည်အထိ
နူတ်ခမ်းချင်းပူးကပ်နေကြသေးသည့်
သားအဖလို့ထင်မိသော သားအဖအား
တစ်ဖက်အခန်းထဲရှိ စောင့်ကြည့်ကင်မရာ
မှကြည့်နေကြသော ရဲ၀န်ထမ်းအချို့မှာ
အံ့ဩမဆုံးဖြစ်နေကြ၏။

" ဟေ့ကောင်.....မွေးစားအဖေဆိုတာက
အဲ့ဒီအဓိပ္ပါယ်ဆိုတာဘာလို့စောစောက
တည်းကမပြောတာလည်း "

" ကျွန်တော်လည်းမသိခဲ့ဘူး စခန်းမှူး "

" အဟွတ်....အဟွတ် ....ငါဒီလောက်နဲ့
အလုပ်ဆင်းတော့မယ် မင်းတို့လည်း
ဆင်းကြတော့ အိမ်ကမိန်းမဘာလုပ်နေ
ပါလိမ့် "

ချောင်းတဟန့်ဟန့်နှင့်ပြန်သွားသော
စခန်းမှူးကြောင့် ကျန်နေခဲ့သည်မှာ
အကြမ်းဖက်နှိမ်နင်းအဖွဲ့၏လက်ထောက်
ခေါင်းဆောင်နှင့်အခြားအဖွဲ့နှစ်ယောက်
မှာ ဘာဆက်လုပ်ရမလဲစဉ်းစားမရဖြစ်
နေ၏။

" အာ...အဲ့‌ဒီတော့ နမ်းယင်မှူးကို လွှတ်
ပေးလိုက်ကြတာပေါ့ "

" ဟုတ်ကဲ့ "

သူတို့မတတ်သာစွာဘဲ ထိုအခန်းထဲသို့
မျက်နှာပူစွာအထဲ၀င်ကြပြီး နမ်းယင်မှူးရဲ့
လက်ထိပ်တွေကိုဖြုတ်ပေးလိုက်ကာ
အိမ်ပြန်ခွင့်ပေးခဲ့ကြသည်။

" ခေါင်းဆောင်....အထဲမှာ အထွေအထူး
မရှိခဲ့တာသေချာရဲ့လား "

" အင်း....ငါမနေ့ညကတည်းကကုမ္ပဏီ
မှာပဲရှိနေတဲ့အလီဘိုင်ရှိနေတယ်လေ "

" အာ...ဟုတ်ကဲ့ ဒါဆိုယန်ယန်ကကော
ဘာလို့ကြာနေတာလဲ ၀င်သွားတာ
နာရီ၀က်မကပါဘူး "

လက်တစ်ဖက်ကပတ်တီးနှင့် စပ်စု
နေသော စေလှိုင်းရဲ့မေးခွန်းအား
ကားမောင်းရင်းအတွေးနယ်ချဲ့နေတဲ့
ယန်ယန်ကမကြားဘဲဆက်ပြီးတွေးနေဆဲ။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now