Episode 4

478 21 0
                                    

( Unicode)
.
.
.
.
.

⚠Warning +++++++++++++++ O_0

အထူးသတ္ထုတွေနှင့်ပြုလုပ်ထားသည့်
အခန်းထဲရှိမွန်းဇက်ယန်မဟုတ်သည့်
အခြားလူသုံးယောက်ဟာလည်း ရုတ်တရက်ကြီး အခန်းတွင်းအပူချိန်ကလျော့လာသလို
အေးစိမ့်စိမ့်ခံစားချက်ကိုရနေကြသည်။

မျက်နှာကျက်ရှိ digital မီးရောင်တွေသည်လည်း
တဖျက်ဖျက်နှင့်ပိတ်လိုက်ဖွင့်လိုက်နှင့်
မူမမှန်တော့ဘဲ သရဲကားထဲမှဇာတ်၀င်ခန်း
အတိုင်းခြောက်ခြားစရာကောင်းနေ၏။

ဒီလိုပုံမှန်မဟုတ်တဲ့ကျောချမ်းစရာ
အခြေအနေမျိူးဟာမီကိုးလ်၊ယင်မှူးနှင့်
စေလှိုင်း တို့အတွက်တော့ပထမဆုံး
မဟုတ်ပေ။

အင်အားထိန်းချူပ်ဆေးသည် မီကိုးလ်နာရီ
ပေါင်းစွာများစွာ စမ်းသပ်တီထွင်ထားတဲ့ဆေး
လည်းဖြစ်သည်မို့ ဤဆေးရဲ့​ဖော်မျူလာသည်
လည်း မီကိုးလ်တစ်ယောက်သာသိသည်။

ထူးခြားတဲ့စွမ်းအင်တွေပိုင်ဆိုင်သည့်
မွန်းဇက်ယန်လိုစမ်းသပ်ခံဖြစ်ဖူးသူတွေအတွက် ဆေးကထိရောက်မှုရှိပေမယ့် သာမန်လူတွေ
အတွက်တော့ အကြောဆေးနှင့်သိပ်မခြားပေ။
ထိုသို့ဘယ်သူမှမထိခိုက်နိုင်မည့်ဆေးကို
တီထွင်နိုင်တာလည်း မီကိုးလ်တစ်ယောက်
တည်းသာလုပ်နိုင်သည့်အရာဖြစ်၏။

ဒါ့အပြင်....ခန္ဓာကိုယ်အတွင်းရှိ သာမန်ထက်
ထူးခြားနေသည့်စွမ်းအင်တွေကိုနှိမ်ချလိုက်ရမှာ
ဖြစ်လို့ ဆေးရည်၏အကျိူးသက်ရောက်မှုသည်
ဆေးထိုးခံရသူအပေါ်အလွန်နာကျင်မှုကိုပေးစွမ်း
မှာဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးကြောတွေထဲ
ဆေးရည်တွေရောက်ရှိ​လေ နာကျင်မှုက
အကြောထဲထိစိမ့်ဝင်လေခံစားရမှာဖြစ်သလို
ဒီတစ်ခေါက်ဆေးရည်၏အကျိူးသက်ရောက်
မှုသည်လည်းအရင်လကဆေးထက်နှစ်ဆလောက်နာကျင်ရမည်ဆိုသည့် မီကိုးလ်ရဲ့သတိပေးမှုကြောင့် ယင်မှူးတစ်ယောက်သူ့ကလေးလေးကိုစိုးရိမ်တကြီးကြည့်နေရသည်။

တဖျက်ဖျက်ဖြစ်နေသည့်မီးတွေပြန်လည်တည်
ငြိမ်သွားမှုနှင့်အတူ မွန်းဇက်ယန် သည်လည်း
ချွေးတွေစိုရွှဲနေသည့်ကြားမှသတိမေ့သွားတော့
မီကိုးလ်က တစ်စုံတစ်ခုကိုသဘောပေါက်စွာ
အခန်းထောင့်ရှိယင်မှူးတို့နှစ်ယောက်အနားသို့
အသာလေးလမ်းလျှောက်ကာပြောသည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now