Episode 16

198 5 0
                                    

UNICODE
.
.
.
.

ည 7 နာရီ

တာဝန်ချိန်ပြီးသည်နှင့် ကတိအတိုင်း
ခေါင်းဆောင်ရဲ့သီးသန့် Villa ကိုလာကာ
စေလှိုင်းကမီကိုးလ် နှင့်လာတွေ့လေ
သည်။

မရောက်တာ တစ်လလောက်သာရှိသေး
ပေမယ့်Villa ရဲ့အတွင်းပိုင်းက လှိုင်း
အတွက်ထူးဆန်းစွာစိမ်းသက်နေသလို
ခံစားရ၏။
ထိုခံစားချက်ထက် လူကိုပိုပြီး
ကသိကအောက်ဖြစ်စေတာက မီကိုးလ်
ရဲ့အကြည့်စူးစူးတွေ။

ဒင်းကရောက်ကတည်းက
ဘာစကားမှမဆိုပဲ စိုက်သာကြည့်နေ၏။

မနေတတ်တော့တဲ့အဆုံး ထပြန်ဖို့သာ
အကြံကထွက်လို့လာတော့သည်။

'' ဘယ်သွားမလို့လဲ ''

'' ခုနကတည်းကဘာမှမပြောဘဲ
ကြည့်နေတာကြာနေပြီမဟုတ်ဘူးလား
ဘာမှပြောစရာငါမရှိရင်ပြန်တော့မယ် ''

'' မသွားပါနဲ့...မသွားနဲ့...ကိုယ်ကဒီအတိုင်း
မင်းနဲ့မတွေ့ရတာကြာတော့ အလွမ်းဖြေ
နေရုံပါ ''

ပြန်ဖို့ တစ်ဖက်လှည့်လိုက်တဲ့ လှိုင်းရဲ့
ကျောပြင်လေးဟာ မီကိုးလ်ရဲ့ရုတ်တရက်
ဖက်တွယ်လာမှုနှင့်အတူနွေးထွေးလို့သွား
တာကိုခံစားမိ‌သည်။

မီကိုးလ် ဒီလိုတွေလုပ်နေလေ လှိုင်းရဲ့
နှလုံးသားက ယိုင်နဲ့လာလေဆိုတာကို
မီကိုးလ်က ကောင်းကောင်းကြီးသိနေတယ်
ဆိုတာ လှိုင်းလည်းသိပါ၏။

အဲ့ဒါကြောင့် ဌာနချူပ်အထိသွားပြီး
ရှောင်နေခဲ့တာပင်။

'' လွှတ်....ငါတို့ကအခုလိုလုပ်ရလောက်တဲ့
ဆက်ဆံရေးမဟုတ်တော့ဘူး ''

'' လိမ်နေတာ...မင်းကိုယ့်ကိုအခုထိ
မမေ့နိုင်သေးဘူး ဆိုတာ ကိုယ်သိတယ် ''

'' အထင်မှားမနေနဲ့....မနက်ကမြင်တယ်
မလားအမှန်တော့ အဲ့ဒီလူကငါ့ကို
သဘောကျတယ်တဲ့ငါတို့အစမ်းဒိတ်
လုပ်နေတာ ''

'' ဘာပြောတယ် ''

'' အဲ့ဒါကိုအတည်ပြုချင်လို့ခေါ်တာ
မဟုတ်ဘူးလား..မင်းကအမြဲတမ်း
အဲ့သလိုပဲလေ ငါကမိတ်ဆွေတွေနဲ့
တရင်းတနှီးနေတာကအစမကြိုက်ဘူး
မင်းကတော့ barတွေသွား၊ကာစီနိုတွေသွားပြီးတွေ့ကရာယောက်ျားတွေရဲ့အသားယူတာကို
ခံတယ် နမ်းလည်းနမ်းတယ်  မင်းကျရပြီး
ငါကဘာလို့မရရတာလဲ...ဟင်
ငါအဲ့ဒီလိုဘဝမျိုးကိုစိတ်ကုန်နေပြီလို့
ပြောနေတာကို ဘာလို့မယုံတာလဲ ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now